Connect with us

Local

နိုင်ငံခြားဘဏ်ခွဲများအား ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးချဲ့ခွင့်ပြု

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ (Local Corporate)သို့ မည်သည့်ချေးငွေဖြည့်ဆည်းမှု (Any Financing) ကိုမဆိုဆောင်ရွက်ခြင်း နှင့် အခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ (Other Banking Services)ဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုကြောင်း ညွှန်ကြားချက်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက “ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေရရှိနိုင်သည့်အခွင့်အရေး (Access to Finance) ပိုမိုရရှိစေရန်ရည်ရွယ်ပြီး အခုလိုဆောင်ရွက်ခြင်း ဖြစ်ပါတယ်’’ ဟုဆင်ဟွာကို ပြောသည်။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက “မြန်မာနိုင်ငံ ဗဟိုဘဏ်က ပြည်တွင်းဘဏ်လိုင်စင်ရယူထားတဲ့ နိုင်ငံခြားဘဏ် (၁၃)ခုကို ပြည်တွင်းကုမ္မဏီ( Local Corporate) များကို Any Financing and Other Banking services များကိုဝန်ဆောင်မှုပေးဖို့ နိုဝင်ဘာလ ၈ ရက်နေ့က စတင်ပြီးခွင့်ပြုလိုက်တာဖြစ်ပါတယ်။အင်ပို့၊ အိတ်စပို့ လုပ်ငန်းတွေအတွက် ငွေပေးချေရတဲ့ LC/ TT လုပ်ဆောင်မှုတွေ ပိုကောင်းမွန်လာနိုင်ပါတယ်။ Trade financing ကောင်းလာနိုင်ပါမယ်။’’ ဟုပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ်ခွဲများအား ဘဏ်ခွဲလိုင်စင်ထုတ်ပေးရာတွင် နိုင်ငံခြား ကုမ္ပဏီ/လုပ်ငန်းများ၊ ပြည်တွင်း/နိုင်ငံခြား ငွေးရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်တွင်းငွေရေးကြေးရေး အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ ပြည်တွင်း ကုမ္ပဏီလုပ်ငန်းများအတွက် လက်ကားဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ပါ နေ့စွဲ ညွှန်ကြားချက်အမှတ် (၉/၂၀၁၇) ဖြင့် ပို့ကုန် ချေးငွေဖြည့်ဆည်းမှု (Export Financing) နှင့် ပို့ကုန်လုပ်ငန်း နှင့် ဆက်စပ်သည့် ဘဏ်ဝန်ဆောင်ရွက်မှု လုပ်ငန်းများ အား ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.