Connect with us

Local

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် လက်တွေ့ ဆောင်ရွက်နိုင်ခဲ့မှုများကို သုံးသပ်ပြီး အားသာချက်၊ အားနည်းချက်များကို စိစစ်ဖော်ထုတ် အဖြေရှာကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ရုံးချုပ်မှ ချမှတ်ပေးထားသည့် မူဝါဒ၊ ရည်မှန်းချက်များအတိုင်း တစ်နှစ်တာကာလအတွင်း လက်တွေ့ ဆောင်ရွက်နိုင်ခဲ့မှုများကို သုံးသပ်ပြီး အားသာချက်၊ အားနည်းချက်များကို စိစစ်ဖော်ထုတ် အဖြေရှာကြရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့စီးပွားရေးဘဏ်၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်း ပိတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကပြောကြားခဲ့သည်။

တိုင်းဒေသကြီး/ ပြည်နယ်များမှ မန်နေဂျာများ၊ ဘဏ်ခွဲ မန်နေဂျာများအနေဖြင့် တွေ့ကြုံနေ ကြရသည့် အခက်အခဲများကို တင်ပြ ရန်လိုကြောင်း၊ ရုံးချုပ်မှ တာဝန်ရှိသူ အရာရှိကြီးများကလည်း တင်ပြသည့် အခက်အခဲများကို ချက်ချင်းဖြေရှင်း ပေးသွားရန်နှင့် ဖြေရှင်းမပေးနိုင်သည့် ကိစ္စများရှိပါကလည်း မှတ်သားပြီး နည်းလမ်းများကို အဖြေရှာသွားကြရန် လိုအပ်ကြောင်း၊ မြန်မာ့စီးပွားရေး ဘဏ်သည် ပြည်သူဗဟိုပြု ဝန်ဆောင် မှုပေးရာတွင် စနစ်တကျရှိစေရေးနှင့် ကျေနပ်မှုရရှိအောင် လျင်မြန် သွက်လက်စွာ ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း ဝန်ကြီးကပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးဘဏ်၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နှစ်ချုပ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၃ ရက်အထိ မြန်မာ့စီးပွား ရေးဘဏ်ရုံးချုပ်၌ ကျင်းပသွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.