Connect with us

Local

အိန္ဒိယ နိုင်ငံမှ ရေတပ်သင်္ဘော RAJPUT ရန်ကုန်မြို့သို့ ချစ်ကြည်ရေး ခရီးစဉ် လာရောက်

အိန္ဒိယ နိုင်ငံမှ ရေတပ် #သင်္ဘော RAJPUT အား တွေ့ ရစဉ်(ဓာတ်ပုံ- Embassy of India)

ရန်ကုန် ၊ မေ ၁၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံမှရေတပ်သင်္ဘော Rajput သည် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ၂၀၁၇ခုနှစ် မေလ ၁၁ မှ ၁၃ရက် အထိ ရန်ကုန်မြို့သို့ ၃ ရက်ကြာ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံရုံးမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

ယခုသင်္ဘော၏ Commanding Officer မှာ Capt. Rizwan Ali Shah ဖြစ်ပြီး အရာရှိများနှင့် စစ်သည်များ အပါအဝင် ၂၅၀ကျော်အား ဦးဆောင်လာမည်ဖြစ်ကြောင်း ၊ ရန်ကုန်မြို့တွင်ရောက်ရှိစဉ် ဆောင်ရွက်မည့် အဓိက အစီအစဉ်များတွင် မြန်မာ့ တပ်မတော် (ရေ)မှ အရာရှိများနှင့် အပြန်အလှန် ဆက်သွယ် ဆောင်ရွက် ခြင်းများ ၊ ဂါရဝပြု တွေ့ဆုံခြင်းများ ၊ စိတ်ဝင်စားဖွယ် နေရာများသို့ လည်ပတ်ခြင်းများနှင့် ချစ်ကြည်ရေး အားကစားပွဲများ ကစားခြင်းတို့လည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ ရေတပ် သင်္ဘော Rajput (D 51) သည် အိန္ဒိယရေတပ်၏ Rajput အမျိုးအစားသဘောၤ များ၏ ဦးဆောင် သင်္ဘော ဖြစ်ပြီး အိန္ဒိယ ရေတပ်သို့ ၁၉၈၀ ခုနှစ် မေလ ၄ ရက်နေ့တွင် တပ်တော်ဝင် ခဲ့သော ဤသင်္ဘောသည် တန်ချိန် ၅၀၀၀ကျော် တင်ဆောင် နိုင်ပြီး အလျား ၁၄၆ မီတာ ရှည်ကာ အမြန်နှုန်း ၃၀ knots ထက် ပိုမြန်နိုင်ကြောင်း ၊ သင်္ဘောပေါ်တွင် Kamov သို့မဟုတ် Chetak ဟယ်လီကော်ပတာ တင်ဆောင် နိုင်ရန် တည်ဆောက်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.