Connect with us

Local

ရန်ကုန်တိုင်းဒေသကြီးတွင် အထူးစီးပွားရေးဇုန်တစ်ခု ထပ်မံဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိ 

အထူးစီးပွားရေးဇုန်သစ် ၏ စီမံကိန်းပုံကြမ်းအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်းသတင်းစာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် အထူးစီးပွားရေးဇုန်တစ်ခု ထပ်မံဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကမာကလုတ်ကျေးရွာနဲ့ ကရင်ချောင် ရွာအနီး ဖွင့်လှစ်တဲ့ ဓာတ်အားခွဲရုံသစ်ဖွင့်ပွဲတွင် ပြောကြားခဲ့ကြောင်း ဇန်နဝါရီ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။ 

“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အထူး စီးပွားရေးဇုန်သစ်တစ်ခု ထပ်မံဖော်ထုတ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ မြေတိုင်းတာ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်  စက်မှုဇုန် ၂၉ ခုရှိနေပြီး သီလဝါအထူး စီးပွားရေးဇုန်အားလည်း ဆောင်ရွက်လျက်ရှိကာ ယခုထပ်မံ ၍ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူးစီးပွားရေးဇုန်တစ်ခု အကောင်အထည် ဖော်ရန် ကြိုးစားနေကြောင်း သိရသည်။  

လက်ရှိ ဖော်ဆောင်ရန်ကြိုးစား အထူး စီးပွားရေးဇုန်သစ်နေရာ မှာ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ နှင့် ထိစပ် လျက်ရှိသည့်ဧရိယာဖြစ်ကြောင်း၊  အဆိုပါ နေရာတွင်  မြေဧကသောင်းချီရှိနေပြီး အထူး စီးပွားရေးဇုန်အပြင် ရေနက်ဆိပ်ကမ်းတစ်ခု ဖော်ဆောင်နိုင်ရန်အလားအလာကို လေ့လာ လျက်ရှိကြောင်း သိရသည်။ 

ရန်ကုန်မြို ၏ ဆင်ခြေဖုံးမြို့နယ်များ တွင် စက်မှုဇုန် ၁၁ ခုခန့် ဖော်ဆောင် ရန် ရှိကြောင်း သိရသည်။

ယခုကဲ့သို့ အထူးစီးပွားရေးဇုန်သစ်တစ်ခုကို ထပ်မံဖော်ထုတ်ရန် တိုင်းဒေသကြီး အစိုးရက ကြိုးစားသည့် အချိန် ရန်ကုန် မြို့ကို အပေါ်စီးက ကြည့်သည့် အခါ ရန်ကုန်မြစ်၏ အနောက်ဘက်ခြမ်းတွင် လယ်ကွင်းများ အများ အပြားရှိနကြောင်း၊  ၎င်းလယ်ကွင်းများသည်  ဆားငန်ရေဝင်ရောက်သည့်  ဧရိယာ များသည့်အတွက် စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းစွာ မလုပ် နိုင်သော အနေအထားဖြစ်ကြောင်း၊ ထို့ကြောင့် ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ် များနှင့်  ထိစပ်နေသည့် မြေဧရိယာပေါ်တွင်  အထူးစီးပွားရေးဇုန် တစ်ခုထပ်မံဖော်ထုတ် နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.