Connect with us

Local

အသေးစား အလတ်စား လုပ်ငန်းများနှင့် တောင်သူများ ဘဏ်ချေးငွေရရန် အာမခံ အဖွဲ့ဖွဲ့စည်း ဆောင်ရွက်မည်

စီမံ/ဘဏ္ဍာ နှင့် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

အသေးစား အလတ်စား လုပ်ငန်းများနှင့် တောင်သူများ ဘဏ်ချေးငွေ အလွယ်တကူ ရရှိရန် အာမခံ အဖွဲ့ (CGC:_ Credit Guarantee Corporation for MSMEs) ဖွဲ့စည်း ဆောင်ရွက်မည် ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ယနေ့ ပြောကြားသည်။

“ငွေချေးတဲ့ အခါမှာ ဘဏ်တွေက တစ်သက်လုံး securitized lending လုပ်လာခဲ့ရာက အခု  Risk-based Landing နဲ့လုပ်ရတော့မှာကျတော့ လုပ်ရ ခက်နေတယ်။ ဒီတော့ ဒီလို အာမခံမယ့် ပုံသဏ္ဍာန် နဲ့ ချေးတဲ့အခါမှာ  ထိုင်းမှာတော့ တော်တော်အောင်မြင်သွားပြီ၊ ထိုင်း ဗဟိုဘဏ်က ဦးဆောင်ပြီး CGC(Credit Guarantee Corporation) တစ်ခု ထောင်ပြီး ချေးခဲ့တာ တော်တော် အောင်မြင်သွားပြီ၊ ဒီမှာလည်း CGC လယ်သမားတွေကိုပါ SMEs ထဲ ထည့်ပြီး လုပ်ပေးသွားမယ်”ဟု နေပြည်တော်၌ ဇန်နဝါရီ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသော “Establishment of Credit Guarantee Corporation for MSMEs” seminar အဖွင့်ပွဲနေ့တွင်အမှာစကားပြောကြားစဉ် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

အမှတ်တရ ဓာတ်ပုံရိုက်ကူးကြစဉ် (ဆင်ဟွာ)

ထိုသို့ Risk – based lending လုပ်ပြီး ငွေချေးသည့်အခါ Credit Guarantee Corporation က စဉ်းစားပြီး မည်သည့် အတိုင်းအတာ အထိကို အစိုးရက တာဝန်ယူမလဲ၊ ဥပမာ Credit Guarantee Corporation က ၈၀ ရာခိုင်နှုန်း၊ ၂၀ ရာနှုန်းကိုတော့ ဘဏ်က တာဝန်ယူပေး မည်၊ နောက်တစ်နှစ် အောင်မြင်လာချိန်တွင် Credit Guarantee Corporation က ၇၀ ရာခိုင်နှုန်း၊ ဘဏ်က ၃၀ ရာခိုင်နှုန်း Risk ယူပေးမည်၊ နောက်နှစ်တွင် ၆၀ – ၄၀၊ .. စသည်ဖြင့် Risk sharing ကို လျှော့ချသွားခြင်းဖြင့် CGC အပေါ်မှာ ယုံကြည်မှု အများကြီး ရလာစေမည် ဖြစ်ကြောင်း၊ အစိုးရ၏ ထောက်ပံ့မှု၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ချေးငွေများကြောင့် Credit Guarantee Corporation က ဝင်ငွေ အများကြီးရလာနိုင်၊ လည်ပတ်လာနိုင်မည်ဖြစ်ကြောင်း၊ CGC ဖွဲ့စည်း ဆောင်ရွက်ရာတွင် bankers များ၊ analysis များ၊ accountant များ၊ laywers များ ပါဝင်စေမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အပြင် “အခုခေတ်နဲ့ ကိုက်ညီအောင် လယ်သမားတွေ အားလုံးကို ကျွန်တော်တို့ ချီးမြှင့်နိုင်ဖို့ SMEs တွေကနေ လုပ်ပေးမယ်၊ ထိုင်းမှာလည်း ဒီလိုပဲ လုပ်ပေးခဲ့တယ်။ လုပ်ငန်း အငယ်စားလေး တွေကို ငွေချေးတဲ့ ပုံစံနဲ့ ဖန်တီးချင်တာ။ စပါးချည်းပဲ စိုက်စရာ မလိုဘူး ၊ သူတို့ ကြိုက်တာ စိုက်၊ လွတ်လွတ် လပ်လပ် စိုက်၊ နှမ်း၊ ပဲ အကျိုးရှိမယ့်ဟာဆိုရင် ဘိန်းကလွဲပြီး အကုန်စိုက်။ စိုက်တဲ့ သီးနှံအပေါ် ငွေချေးမယ်၊ ကာလကို တစ်နှစ် မသတ်မှတ်ဘူး၊ လိုသလောက်ကာလ အတွင်း ချေးမယ်။ အတိုးကို လည်း ၄ ရာနှုန်း၊ ၈ ရာနှုန်းမဟုတ်ဘူး၊ တန်းတူ ၁၃ ရာနှုန်းနဲ့ ချေးပေးမယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ထိုင်းနိုင်ငံ ဗဟိုဘဏ် Assistant Governor နှင့် အဖွဲ့ဝင်များ၊ ဘဏ်လုပ်ငန်း ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ တက်ရောက်ခဲ့ကြသည်။(Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.