Connect with us

Local

အီတလီကုန်သွယ်ရေးအေဂျင်စီကမြန်မာ့စီးပွားရေးလုပ်ငန်းများ နှင့်ပူးပေါင်းရန် စိတ်ဝင်စား

www.italtrade.com ၏ အင်တာနက်စာမျက်နှာအားတွေ့ရစဉ် (ဓာတ်ပုံ-- italtradeဝက်ဆိုက်)

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

အီတလီအစိုးရ၏ နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုမြှင့်တင်ရေး အဖွဲ့အစည်းဖြစ်သည့် အီတလီကုန်သွယ်ရေးအေဂျင်စီ (Italian Trade Agency – ITA) သည် မြန်မာ့စီးပွားရေးလုပ်ငန်းများအနေဖြင့် အီတလီကုမ္ပဏီများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကုန်သွယ်စက်မှုအသင်းချုပ်သို့ ဆက်သွယ်လာကြောင်း ကုန်သည်စက်မှုအသင်းချုပ် (U.M.F.C.C.I) မှ သတင်းထုတ်ပြန်သည်။

Italian Trade Agency (ITA) သည် အထက်ပါရည်ရွယ်ချက်ဖြင့် အီတလီကုမ္ပဏီများအား သတင်းအချက်အလက်များမျှဝေပေးခြင်း၊ စီးပွားဖက်များရှာဖွေပေးခြင်း၊ နိုင်ငံတကာပြပွဲများ၊ စက်မှုဇုန်များသို့သွားရောက်နိုင်ရန် ကူညီပေးခြင်း၊ နိုင်ငံရပ်ခြားတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် ထောက်ပံ့ပေးခြင်းများအား အဓိကပြုလုပ်နေသော အဖွဲ့အစည်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

Italian Trade Agency (ITA) နှင့် ချိတ်ဆက်ရန် စိတ်ပါဝင်စားသည့် ကုန်သည် စက်မှုအသင်းချုပ်နှင့်ညီနောင်အသင်းများ မှ အသင်းသားများ၊ မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ် အချက်အလက်များသိရှိလိုပါက ဖုန်းနံပတ် 01527100 (Ext:112) ၊ အီးမေးလ် [email protected] သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အီတလီကုမ္ပဏီများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းကို သိရှိလိုပါက

www.italtrade.com တွင် လေ့လာနိုင်ကြောင်း၊ အီတလီနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုပါက

www.investinitaly.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117