Connect with us

Local

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈)ခု ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပစဉ်( ဓါတ်ပုံ- MNA )

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈)ခု ခွင့်ပြုပေးခဲ့ကြောင်း ဇန်နဝါရီ ၂၄ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ရင်းနှီးမြှုပ်နှံမည့် ၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော LNG စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအပါအဝင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက် အဦတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့်  အခြားကဏ္ဍတို့မှ လုပ်ငန်း (၈)ခု ခွင့်ပြုခဲ့ကြောင်း သိရသည်။အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၃၉၄ ဒသမ ၀၉၅) သန်းနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ငွေကျပ်သန်း (၁၅၂၂၀) ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့် အလမ်းပေါင်း (၁,၅၈၇) နေရာကို ဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ၌နိုင်ငံပေါင်း (၅၀)မှ စီးပွားရေး ကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၀၀ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင်  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၁၅ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၀၇ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117