Connect with us

Local

သယံဇာတ ပို့ကုန်အစား စက်မှုထွက်ကုန်နှင့် ကုန်ပစ္စည်းအသစ်များ တင်ပို့နိုင်ရေး ဆောင်ရွက်မည်

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ပို့ကုန်အများစုမှာ သယံဇာတအပေါ် အခြေခံနေသည့် အတွက် စက်မှုထွက်ကုန်နှင့် ကုန်ပစ္စည်းအသစ်များ တင်ပို့နိုင်ရန် ယခုနှစ်အပါအဝင် ဘဏ္ဍာနှစ်ငါးနှစ် အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေး အတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ပြီး ဦးစားပေး အကောင် အထည်ဖော်မည့် ကုန်စည်များ၊ ကုန်စည်များ အထောက်အကူပြုမည့် ကဏ္ဍများကိုလည်း သတ်မှတ်ပြီးဖြစ် သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ပုံစံသည် သဘာဝအရင်းအမြစ်များဖြစ်သည့် သဘာဝဓာတ်ငွေ့၊ သစ်၊ စိုက်ပျိုးရေးထုတ်ကုန်နှင့် ရေထွက်ပစ္စည်းများ အစရှိသည့် အနည်းငယ်သော ကုန်စည်များ အပေါ်တွင်သာ အဓိက အားထားနေရသောကြောင့် ဝန်ဆောင်မှု လုပ်ငန်းများကို ပံ့ပိုးနိုင်မည့် စီးပွားရေးဆိုင်ရာ အခြေခံကောင်းများ တိုးတက်လာစေရေးနှင့် တန်ဖိုးမြင့်ကုန်စည်များ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ရေး ပို့ကုန်မူဝါဒတစ်ခုကို ချမှတ် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် အထိ သတ်မှတ် အကောင်အထည်ဖော်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အာရှနိုင်ငံများနှင့်သာ အဓိကကုန်သွယ်မှု ပြုလုပ်နေပြီး ဥရောပ၊ အမေရိက စသည့် နိုင်ငံများနှင့် ကုန်သွယ်နိုင်မှုသည် နည်း ပါးနေသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.