Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရရှိနိုင်ရန် မျှော်မှန်းထား

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်မြစ်အတွင်း ကွန်တိန်နာတင် သင်္ဘောတစ်စင်းအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (FY) တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ဝင်ရောက်လာရန်မျှော်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဧပြီ ၂၁ ရက်၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ရေနံဓာတုလုပ်ငန်းနှင့် စွမ်းအင်စီမံကိန်းများ၊ လျှပ်စစ်နှင့် ဆောက်လုပ်ငန်းရေးလုပ်ငန်းများ၌ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဦးစားပေးဆောင်ရွက်မည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ပြင်ဆင်ထားကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ရင်းနှီးမြှုပ်နှံမှုသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ အထူးသဖြင့် လျှပ်စစ်ကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံများကို ဖိတ်ခေါ်သွားရန်လည်း ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသည် မတ်လတွင် ကုန်ဆုံးခဲ့သော ၆ လတာ ကြားကာလဘတ်ဂျက်၌ ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၄၇.၁၂၇ သန်း ဆွဲဆောင်နိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာ၏ အချက်အလက်များ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ဘဏ္ဍာနှစ်ကို မူလက အောက်တိုဘာလမှ စက်တင်ဘာလအထိ သတ်မှတ်ထားရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ဧပြီလမှ မတ်လအထိ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117