Connect with us

Business

နိုင်ငံခြားငွေကို ကျပ်ငွေအဖြစ်ပြောင်းလဲခြင်းမှ အကျုံးဝင်ပါဝင်ခြင်းမရှိသော လုပ်ငန်းနှင့် အဖွဲ့အစည်းများအား ဗဟိုဘဏ်ထုတ်ပြန်

ငွေလဲစင်တာတစ်ခုတွင် အမေရိကန်ဒေါ်လာရေတွက်နေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ သံတမန်များနှင့် နိုင်ငံတကာအဖွဲ့စည်းများမှ ဝန်ထမ်းများနှင့် နိုင်ငံတကာလေကြောင်းလိုင်းများအပါအဝင် အချို့အား နိုင်ငံခြားငွေကို ကျပ်ငွေအဖြစ်ပြောင်းလဲခြင်းမှ အကျုံးဝင်ပါဝင်ခြင်းမရှိကြောင်း ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် က “နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေး ဆုံးဖြတ်အရ ကျွန်တော်တို့ အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် သံတမန်မိသားစုတွေရော တခြားကင်းလွတ်ခွင့်ပြုသင့်တဲ့ အဖွဲ့အစည်းတွေကိုရော ကင်းလွတ်ခွင့်ပြုခဲ့တာပါ။ ’’ ဟု ဆင်ဟွာသို့ ယနေ့ဧပြီ ၂၂ ရက်တွင်ပြောကြားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ မြန်မာနိုင်ငံ နှင့် သံတမန်ထူထောင်ထားပြီး မြန်မာနိုင်ငံအတွင်း သံရုံးဖွင့်လှစ်ထားသော ပြည်ပနိုင်ငံမှ သံတမန်များ၊ မိသားစုဝင်များနှင့် သံတမန်နှင့် အလားတူအဆင့်ရှိသည့် သံအဖွဲ့ အမှုထမ်းစုတွင်ပါဝင်သည့် နိုင်ငံခြားသားဝန်ထမ်းများ၊ မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကုလသမဂ္ဂဝန်ထမ်းများနှင့် ကုလသမဂ္ဂဝန်ထမ်း (laissez-passer) ခရီးသွားလက်မှတ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ၊ ပြည်ပ နိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်အကူအညီပေးရေး ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးအေဂျင်စီ များရှိ နိုင်ငံခြားသားဝန်ထမ်းများ၊အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ (ဥပမာ- ကမ္ဘာ့ကြက်ခြေနီအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့)၊ INGO နှင့် Development Agencies (ဥပမာ- TICA/JICA) မှ သံတမန်အဆင့် နှင့် နိုင်ငံခြားဝန်ထမ်းများ၊ နိုင်ငံပိုင်/နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း များအား နိုင်ငံခြားငွေကို ကျပ်ငွေအဖြစ်ပြောင်းလဲခြင်းမှ အကျုံးဝင်ပါဝင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117