Connect with us

Stock Market

ရန်ကုန် စတော့ခ် အိတ်ချိန်း အစုရှယ်ယာလက်မှတ်များ ယခုလအတွင်း စတင်ရောင်းဝယ်နိုင်မည်

ရန်ကုန် စတော့ခ် အိတ်ချိန်း စင်တာ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

ရန်ကုန် စတော့ခ်အိတ်ချိန်း (Yangon Stock Exchange) တွင် အစုရှယ်ယာ လက်မှတ်များအား ယခုလ တတိယပတ်မှ စတင် ရောင်းဝယ် ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာ့ ငွေချေးသက်သေခံလက်မှတ်များ ကြီးကြပ်ရေး ကော်မရှင် (SECM) ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက မတ်လ ၂ ရက်တွင် ပြောသည်။

ရန်ကုန် စတော့ခ်အိတ်ချိန်းတွင် စာရင်းဝင်သည့် ကုမ္ပဏီ ၆ ခု စာရင်းအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ကြေ ညာခဲ့ပြီး ထိုကုမ္ပဏီများထဲမှ ၁ ခု၊ ငွေချေးသက်သေခံလက်မှတ်များ ကုမ္ပဏီ ၅ ခုနှင့် ငွေပေးချေ စာရင်းရှင်း လင်းမှု ဘဏ် (Fund settlement bank) တစ်ခုအဖြစ် ကမ္ဘောဇဘဏ် စသည့်တို့ဖြင့် လတ်တလော ရန်ကုန် စတော့ခ်အိတ်ချိန်း၌ အရောင်းအဝယ် ပြုလုပ်ရန် စတင်မည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဖုန်းကတဆင့် ဆင်ဟွာသို့ ပြောသည်။

ရန်ကုန် စတော့ခ်အိတ်ချိန်းတွင် အရောင်းအဝယ်ပြုလုပ်မည့် စာရင်းဝင် ကုမ္ပဏီ တစ်ခု၏အမည်အား ထုတ်ဖော် ပြောကြားထားခြင်း မရှိကြောင်း၊ အခြား စာရင်းဝင်ကုမ္ပဏီများမှာလည်း ၎င်းတို့ အဆင်သင့် ဖြစ်သည့် ကဏ္ဍ များဖြင့် စတော့ခ်အိတ်ချိန်း အရောင်းအဝယ်၌ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်ကလည်း ရန်ကုန် စတော့ခ်အိတ်ချိန်း ကနဦး အရောင်းအဝယ် ပြုလုပ်ရာ၌ ပါဝင်ရန် အဆင့်ဖြစ်နေပြီဟု ဆင်ဟွာသို့ ပြောသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုအရ ရန်ကုန် စတော့ခ်အိတ် ချိန်းအား တိုကျို စတော့ခ်အိတ်ချိန်းနှင့် ဒိုင်ဝါ ငွေချေးသက်သေခံလက်မှတ်များ အုပ်စုက ၄၉ ရာခိုင်နှုန်း၊ နိုင်ငံ ပိုင် မြန်မာ့ စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ ရန်ကုန် စတော့ခ်အိတ်ချိန်း အောင်မြင်လာပါ က နိုင်ငံခြားသား ရင်နှီးမြှုပ်နှံသူများအား ခွင့်ပြုသွားမည် ဖြစ်ကြောင်း SECM ထံက သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.