Connect with us

Stock Market

FMI ၏ ယနေ့ နံနက် ၁၁ နာရီ ရှယ်ယာ အရောင်းပမာဏ ကျပ် ၁,၃၂၁ သန်း အထိရှိ

ရန်ကုန်မြို့ စတော့အိတ်ချိန်း ဈေးကွက်၏ ပထမနေ့ မြင်ကွင်းကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန် စတော့ အိတ်ချိန်းရုံးတွင် FMI ကုမ္ပဏီမှ ယနေ့ နံနက် ၁၁ နာရီ အထိ ပထမ အကြိမ်အဖြစ် ရောင်းချခဲ့သော အစုရှယ်ယာ အရောင်းပမာဏ ကျပ် ၁,၃၂၁ သန်းထိ ရှိခဲ့ကြောင်း အဆိုပါ အရောင်းအဝယ် ပွဲထံမှ သိရသည်။

အဆိုပါ FMI ကုမ္ပဏီက ယနေ့ ဖွင့်ဈေး အစုရှယ်ယာ တစ်စုလျှင် ကျပ် ၂၆,၀၀၀ ဖြင့် စတင်ရောင်းချရာ နံနက် ၁၁ နာရီတွင် ကျပ် ၅,၀၀၀ တက်သွားကာ နံနက်ပိုင်း နောက်ဆုံး ဈေးပိတ်ချိန်၌ ရှယ်ယာတစ်စုလျှင် ကျပ် ၃၁,၀၀၀ ထိဖြစ်ခဲ့ပြီး ပထမအကြိမ်တွင် စုစုပေါင်း အစုရှယ်ယာ ၄၂,၆၁၀ ရောင်းချနိုင်ခဲ့ပြီး ရှယ်ယာရောင်း ပမာဏ ကျပ် ၁,၃၂၁ သန်းရှိခဲ့သည်။

ရန်ကုန်မြို့ စတော့အိတ်ချိန်း ဈေးကွက်၏ ပထမနေ့ မြင်ကွင်းကိုတွေ့ရစဉ် (ဆင်ဟွာ)

FMI ကုမ္ပဏီ၏ ဈေးကွက် မတည်ငွေသည် ကျပ် သန်း ၇၂၇,၈၈၀ ဖြစ်သည်။

ရှယ်ယာ အရောင်းအဝယ်ကို နံနက် ၁၁ နာရီ တစ်ကြိမ် နှင့် နေ့လည် ၁ နာရီတစ်ကြိမ် နေ့စဉ် နှစ်ကြိမ် ရောင်းချသွားမည် ဖြစ်သည်။ (Xinhua)