Connect with us

China

ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် တွေ့ဆုံခြင်းက တရုတ်-ရုရှား ဆက်ဆံရေးကို အားအင်များထပ်မံဖြည့်တင်းသွားမည်ဖြစ်ကြောင်း သမ္မတ ရှီ ပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ ပေကျင်းမြို့တော်ရှိ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် ဖေဖော်ဝါရီ ၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၎င်းနှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံမှုသည် တရုတ်-ရုရှား ဆက်ဆံရေးကို အားအင်များ ပိုမိုဖြည့်တင်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ ပေကျင်းမြို့တော်ရှိ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် ဖေဖော်ဝါရီ ၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ရှီသည် ယနေ့ည (ဖေဖော်ဝါရီ ၄ ရက်) တွင် ပြုလုပ်ရန်စီစဉ်ထားသော ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားအတွက် ပေကျင်းမြို့၌ ရောက်ရှိနေသော ပူတင်နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှီက ၈ နှစ်ကြာပြီးနောက် ပေကျင်းမြို့၌ တွေ့ဆုံရန် သဘောတူထားခဲ့ချိန်ဖြစ်သည့် ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံ ဆိုချီ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ချိန်ကို ပြန်ပြောင်းအောက်မေ့လျက် ပြောကြားခဲ့သည်။

ပူတင်၏ ခရီးစဉ်သည် “ဆောင်းရာသီအိုလံပစ်အတွက် အတူတကွရှိခြင်း” ကို လက်တွေ့အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

သမ္မတ ရှီက ပူတင်နှင့် ကမ္ဘာတစ်ဝန်းမှ မိတ်ဆွေများနှင့်အတူ အိုလံပစ်စိတ်ဓာတ်ကို ပူးတွဲအကောင်အထည်ဖော်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………

Xi says meeting with Putin will inject more vitality into China-Russia relations
BEIJING, Feb. 4 (Xinhua) — Chinese President Xi Jinping on Friday said his meeting with Russian President Vladimir Putin will inject more vitality into China-Russia relations.
Xi held talks with Putin in Beijing ahead of the Beijing 2022 Olympic Winter Games opening ceremony scheduled on Friday night.
Xi recalled his attendance at the opening ceremony of the Sochi Olympic Winter Games in Russia in 2014 when they agreed to meet again eight years later in Beijing.
Xi said Putin’s visit has realized their “get-together for the Winter Olympics.”
Xi expressed his willingness to jointly carry forward the Olympic spirit with Putin and friends from across the world. Enditem
Photo 1 – 2 : Chinese President Xi Jinping holds talks with Russian President Vladimir Putin at the Diaoyutai State Guesthouse in Beijing, capital of China, Feb. 4, 2022. (Xinhua/Li Tao)