Connect with us

Culture & Entertainment

တရုတ် နိုင်ငံ၌ ကျောက်သား နံရံအား ထွင်းထုထားသည့် ရှေးဟောင်း ဗုဒ္ဓ ဆင်းတုတော်များ တွေ့ရှိ


ချန်ဒူး ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၌ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ ကျော်က ကျောက်သား နံရံတွင် ထွင်းထု ထားသော ရှေးဟောင်း ဗုဒ္ဓ ဆင်းတုတော် ပန်းပုလက်ရာများအား တွေ့ရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ဗုဒ္ဓ ဆင်းတုတော် ပန်းပုလက်ရာများအား ဂါဇီ(Garze)တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ Baiyu မြို့၌ ပထမဆုံး အကြိမ် တွေ့ရှိခဲ့ကြောင်း ၊ ရှေးဟောင်း သုတေသီများက ခရစ် သက္ကရာဇ် ၆၁၈ နှင့် ၈၄၂ အကြား တိဘက် တူပေါ ခေတ်နှောင်းပိုင်း လက်ရာပေါ်တွင် အခြေခံ ထုလုပ်ထားသည်ဟု ယုံကြည်ကြကြောင်း သိရသည်။

Palace ပြတိုက်၏ တိဘက်ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ရှေးဟောင်းပစ္စည်း ဌာန ညွှန်ကြားရေးမှူး Luo Wenhua က အဆိုပါ ဗုဒ္ဓ ဆင်းတုတော်များ၏ လက်ရာ ပုံသဏ္ဍန်သည် တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နှင့် ချင်းဟိုင် ပြည်နယ်ရှိ နေရာ တစ်ချို့တွင် ရှာဖွေတွေ့ရှိခဲ့သည့် တူပေါ ကျောက်ထွင်းလက်ရာများနှင့် ဆင်တူကြောင်း ပြောကြားခဲ့သည်။

ကျောက်သား နံရံတွင် ထွင်းထုထားသော ရှေးဟောင်း ဗုဒ္ဓ ဆင်းတုတော် ပန်းပုလက်ရာများအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ရှာဖွေတွေ့ရှိမှုသည် ထန်ခေတ်(Tang) ( ၆၁၈-၉၀၇) နှင့် တိဘက် တူပေါခေတ်(Tibetan Tubo) တို့တွင် နှစ်ပြည်ထောင်ကြား လမ်းကြောင်းတစ်သွယ်ဖြင့် သွားလာနိုင်ရုံမျှမက ယင်းတိုင်းနိုင်ငံနှစ်ခုအကြား ကူးလူး ဆက်ဆံနိုင်သည့် ကွန်ရက်ကြီးတစ်ခုအဖြစ် တည်ရှိခဲ့ကြောင်းကို ဖော်ထုတ်သော ခိုင်မာသည့် သက်သေခံချက် တစ်ခုပင်ဖြစ်ကြောင်း နှင့် Baiyu မြို့သည် ယင်းကွန်ရက် လမ်းကြောင်း တစ်ခုပေါ်တွင် တည်ရှိနိုင်သော်လည်း အထောက် အထားများ ထပ်မံ လိုအပ်ကြောင်း ညွှန်ကြားရေးမှူး Luo က ပြောကြားခဲ့သည်။

ယင်းလက်ရာများသည် တိဘက် တူပေါခေတ်က ကျောက်နံရံထွင်း ပန်းပုလက်ရာများအား ပြန်ပြောင်း အမှတ် ရစေရန် အတွက် အရေးကြီးသော အနုပညာ လက်ရာများ ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117