Connect with us

Economy

အမေရိကန် ဒေါ်လာ ဈေးပေါ် မူတည်ပြီး တရုတ်ယွမ် ၆.၁၄၇၅ သို့ ကျဆင်း

အမေရိကန်ဒေါ်လာ နှင့် တရုတ်ယွမ်ငွေပုံ (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်ယွမ် တန်ဖိုး ကျဆင်းလာပြီး အမေရိကန် တစ်ဒေါ်လာဖြင့် ၆.၁၄၇၅ ယွမ် အထိ လဲလှယ် နိုင်ကြောင်း တရုတ် နိုင်ငံခြား ငွေကြေး လဲလှယ်ရေး ကုန်သွယ်မှု ဌာန က ဖေဖော်ဝါရီ ၂၇ ရက် တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြား ငွေကြေး လဲလှယ်ရေး ဈေးကွက် တွင် ယွမ် တန်ဖိုး အတက်အကျ ကို ၂ ရာခိုင်နှုန်း အထိ ခွင့်ပြု ထားသည်။

ဘဏ် အချင်းချင်း ဆက်သွယ် သည့် ဈေးကွက် မဖွင့်ခင်တွင် အမေရိကန် ဒေါ်လာ ဈေးနှုန်း အပေါ် မူတည်ပြီး ယွမ် ဈေးနှုန်းကို အခြေခံ သတ်မှတ် သည်။

ဥရောပ ဗဟိုဘဏ် (European Central Bank) မှ ငွေကြေး လဲလှယ်နှုန်း တန်ဖိုးများကို ဖေဖော်ဝါရီ ၂၆ ရက် က ယခုလို ထုတ်ပြန်ထားသည်။

စဉ် ငွေကြေးအမျိုးအစား လဲလှယ်နှုန်း
၁။ ၁ ယူရို ၁. ၁၃၁၇ အမေရိကန်ဒေါ်လာ
၂။ ၁ ယူရို ၇. ၀၈၃၁ ယွမ်
၃။ ၁ ယူရို ၁၃၄ . ၅၄ ယန်း
၄။ ၁ ယူရို ၇ . ၄၆၇၉ Danish krone
၅။ ၁ ယူရို ၀ . ၇၃၀၁ ပေါင်
၆။ ၁ ယူရို ၉ . ၄၁၄၆ Swedish krona
၇။ ၁ ယူရို ၁ . ၀၇၄၅ Swiss franc
၈။ ၁ ယူရို ၈ . ၅၆၄ Norwegian krone
၉။ ၁ ယူရို ၆၈ . ၈၁၆၅ Russian rouble
၁၀။ ၁ ယူရို ၂ . ၈၀၈၅ Turkish lira
၁၁။ ၁ ယူရို ၁ . ၄၃၅၇ သြစတြေးလျ ဒေါ်လာ
၁၂။ ၁ ယူရို ၁ . ၄၁၁၂ ကနေဒီယမ် ဒေါ်လာ
၁၃။ ၁ ယူရို ၈. ၇၇၆ ဟောင်ကောင် ဒေါ်လာ
၁၄။ ၁ ယူရို ၁ . ၄၉၁၉ နယူးဇီလန် ဒေါ်လာ

(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117