Connect with us

Economy

အာရှ၏ အကြီးဆုံး သောင်တူးသင်္ဘော ပထမဆုံး ပင်လယ်တွင်းစမ်းသပ်မောင်းနှင်ခြင်း အောင်မြင်


ထျန်ကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အာရှတွင် အကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံမှ တည်ဆောက်သော သောင်တူးသင်္ဘောသည် ပထမဆုံး ပင်လယ်တွင် စမ်းသပ်မောင်းနှင်ခြင်း အောင်မြင်စွာပြီးဆုံးပြီးနောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် ချီတုံမြို့ရှိ သင်္ဘောကျင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၁၄၀ မီတာရှည်သည့် အဆိုပါသင်္ဘောကို ထျန်ခွင်းဟောက် (Tian Kun Hao) ဟု အမည်ပေးထားပြီး ပင်လယ်ကြမ်းပြင်အောက် ၃၅ မီတာအနက်အထိ တူးနိုင်ပြီး တစ်နာရီလျှင် ၆,၀၀၀ ကုဗမီတာအထိ သောင် တူးနိုင်မည် ဖြစ်သည်။

“ပင်လယ်အတွင်း စမ်းသပ်မောင်းနှင်ခြင်းက အောင်မြင်ပေမယ့် စိန်ခေါ်မှုတွေ ရှိနေတုန်းပါပဲ” ဟု သင်္ဘော၏ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီဖြစ်သောChina Communication Construction Co. ကုမ္ပဏီခွဲ၊ Tianjin Dredging Co., ၏ ဒုတိယ အင်ဂျင်နီယာချုပ် ဝမ်ကျန်က ပြောကြားခဲ့သည်။

အာရှတွင် အကြီးဆုံးဖြစ်သည့် ထျန်ခွင်းဟောက် သောင်တူးသင်္ဘောစမ်းသပ်မောင်းနှင်ခြင်းအား တွေ့ရစဉ် (ဆင်ဟွာ)

လေးရက်ကြာပြုလုပ်ခဲ့သည့် စမ်းသပ်မောင်းနှင်မှုအတွင်း သင်္ဘော မောင်းနှင်ခြင်း အထောက်အပံ့များဖြစ်သည့် ရေဒါနှင့် ဂျိုင်ရိုသံလိုက်အိမ်မြောင် (Gyrocompass) တို့အပါအဝင် စမ်းသပ်ခဲ့ကြောင်း၊ သင်္ဘော ဝန်ထမ်းနှင့် အင်ဂျင်နီယာများ အပါအဝင် ဝန်ထမ်း ၁၂၀ ကျော်လည်း လိုက်ပါသွားကြောင်း သိရသည်။

စမ်းသပ်မောင်းနှင်မှုပြီးနောက် သင်္ဘောထုတ်လုပ်သူ Shanghai Zhenhua Heavy Industries Co. ချီတုံ ပင်လယ်ရေကြောင်း အင်ဂျင်နီယာရင်း ကုမ္ပဏီက စမ်းသပ်မှုအတွင်း တွေ့ရှိခဲ့ရသည့် ပြဿနာများကို ပြင်ဆင်သွားမည်ဟု ဆိုသည်။

အဆိုပါ သင်္ဘောအား သြဂုတ်လတွင် Tianjin Dredging ထံသို့ လွှဲပြောင်းပေးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.