Connect with us

Economy

တရုတ်နိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၂၀၁၅ ခုနှစ်အတွင်း စံချိန်တင်ခဲ့

တရုတ်နိုင်ငံရှိ စတီးလုပ်ငန်း ကုမ္ပဏီတစ်ခု၏ လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၂၆ ဘီလီယံခန့် အထိ ရှိကာ စံချိန် တင်ခဲ့ကြောင်း တရားဝင် အချက်အလက် သစ်များအရ သိရသည်။

၂၀၁၅ ခုနှစ် ပထမ ၁၁ လတွင် ငွေကြေးကဏ္ဍ မဟုတ်သော ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၁၄ ဘီလီယံ ရှိခဲ့ကာ ၂၀၁၄ ခုနှစ် အလားတူကာလ ကထက် ၇.၉ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း ကုန်သွယ်ရေး ဝန်ကြီးဋ္ဌာနက ဇန်နဝါရီလ ၅ ရက် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုပထမ ၁၁ လအတွင်း ပြည်ပငွေကြေး ထောက်ပံ့မှုဖြင့် လုပ်ကိုင်သည့် လုပ်ငန်းပေါင်း ၂၄,၀၀၀ နီးပါး တည်ထောင်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် အလားတူ ကာလကထက် ၁၁ ရာခိုင်နှုန်း ပိုများခဲ့သည်။

တရုတ်နိုင်ငံ အစိုးရ၏ လမ်းညွှန်မှုဖြင့် ဝန်ဆောင်မှု ကဏ္ဍနှင့် ထုတ်ကုန် တိုးတက်ရေး လုပ်ငန်းများ၌ နိုင်ငံခြားငွေကြေး စီးဆင်းမှု ပမာဏ တိုးမြင့်လာခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၅ ခုနှစ်အတွင်း အဓိက နိုင်ငံကြီးများမှ ရင်းနှီး မြှုပ်နှံမှုများအား ထိန်းထား နိုင်ခဲ့သလို ဦးစားပေး မူဝါဒများဖြင့် တရုတ် နိုင်ငံ၏ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံခြား ငွေကြေး စီးဆင်းမှုက လည်း အဓိက အစိတ်အပိုင်း ဖြစ်သည်။

တရုတ်နိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ငွေကြေးကဏ္ဍ မဟုတ်သော ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ဒေါ်လာ ၁၁၉.၆ ဘီလီယံ ရှိခဲ့ပြီး ကမ္ဘာ့အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လက်ခံသူ အဖြစ် တရုတ်က အမေရိကန်ကို ကျော်တက် သွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.