Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ပြုပြင် ထိန်းသိမ်းရေး ဝန်ထမ်း များအား တောဆင်ရိုင်းက တိုက်ခိုက်မှု ဖြစ်ပွား

Xishuangbanna Dai ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောဆင်ရိုင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် လွန်ခဲ့သော နှစ်ရက်က ဘေးမဲ့တော ပြုပြင် ထိန်းသိမ်းရေး ဝန်ထမ်း သုံးဦးအား အာရှ တောရိုင်းဆင်တစ်ကောင် က တိုက်ခိုက်ခဲ့ပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင် များက ဧပြီလ ၈ ရက်တွင် ပြောကြားခဲ့သည်။

Xishuangbanna Dai ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရှိ ရယ်ရှန့်ဂူ တောဆင်ရိုင်း ချိုင့်ဝှမ်း ရှုခင်းကြည့် ဧရိယာတွင် ဒေသစံတော်ချိန် ညနေ ၅ နာရီ က ကျူးစွန်ရား အမည်ရှိ တောဆင်ရိုင်းသည် ဆင်သွားလမ်းနား တွင် မီးကြိုး ပြုပြင်နေသည့် ဝန်ထမ်း သုံးဦးကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဝန်ထမ်းတစ်ဦးမှာ ဆင်ရိုင်း၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ၎င်းဘယ်ခြေထောက်နှင့် လက်မောင်းတွင် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ ကျန်ဝန်ထမ်းနှစ်ဦးမှာ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရရှိသူ ဝန်ထမ်း အား သစ်တော ကင်းလှည့်ဝန်ထမ်း တစ်ဦးက တွေ့ရှိခဲ့ပြီး ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် အစောပိုင်းတွင် လည်း ယင်းဆင်ရိုင်းသည် ခရီးသွားများ စည်ကားရာ လမ်းပေါ်သို့ တက်ရောက် လာပြီး ရပ်ထားသည့် ကားများစွာကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117