Connect with us

Environment, Disasters & Accidents

MH 370 ရှာဖွေရန် တရုတ်နိုင်ငံက သြစတြေးလျ ဒေါ်လာ သန်း ၂၀ ထည့်ဝင် မည်ဟု ဝန်ကြီးချုပ် လီခဲ့ချန် ကြေညာ

မလေးရှား လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၁ (ဆင်ဟွာ)
ပျောက်ဆုံးနေသော မလေးရှား လေယာဉ် MH 370 အား နိုင်ငံစုံမှ ရှာဖွေရာတွင် ကူညီရန် တရုတ်နိုင်ငံက သြစတြေးလျ ဒေါ်လာ သန်း ၂၀ (အမေရိကန်ဒေါ်လာ ၁၄.၅ သန်း) ထည့်ဝင် မည်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က နိုဝင်ဘာလ ၂၁ ရက်နေ့ က ကြေညာလိုက်သည်။

ယင်းကြေညာချက်အား ဝန်ကြီးချုပ် လီခဲ့ချန်က ဒေသတွင်း ထိပ်သီး အစည်းအဝေးများ ကျင်းပနေစဉ်အတွင်း သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မဲလ်ကွန် နှင့် ပြုလုပ်သည့် အစည်းအဝေး၌ ကြေညာခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ် တွန် ရာဇတ်၏ ဖိတ်ကြားချက်ဖြင့် မလေးရှားနိုင်ငံသို့ ချစ်ကြည်ရေး ခရီး အဖြစ် နိုဝင်ဘာလ ၂၀ မှ ၂၃ ရက်နေ့အထိ လာရောက်နေခြင်း ဖြစ်သလို ၁၈ ကြိမ်မြောက် တရုတ် နှင့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၊ ၁၈ ကြိမ်မြောက် အာဆီယံ-တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အစည်းအဝေးနှင့် ၁၀ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန်လည်း ရှိသည်။ (Xinhhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117