Connect with us

Environment, Disasters & Accidents

တရုတ် နိုင်ငံတွင် “ကြာပန်း” (Linfa) တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ကွမ်တုံး ဒေသတွင် လူပေါင်း ၁.၆၅ သန်း ဘေးဒုက္ခ နှင့် ကြုံတွေ့ခဲ့ရ


ကွမ်ကျုံး ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ်တွင် “ကြာပန်း” (Linfa) တိုင်ဖွန်း မုန်တိုင်း ဇူလိုင်လ ၉ ရက်နေ့တွင် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ဇူလိုင် ၁၀ ရက်နေ့ မနက် ၅ နာရီတွင် တိုက်ခတ်မှု ပြီးဆုံးခဲ့သည်။ ကွမ်တုံး ပြည်နယ် အစိုးရ ဌာန၏ ၁၀ ရက်နေ့ မနက်ပိုင်း စာရင်း ပြုစု ထုတ်ပြန်ချက် အရ Linfa တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် ခဲ့ပြီးနောက်ပိုင်း ၉ ရက်နေ့ ည ၁၀ အချိန်ထိ ပြည်နယ် တစ်ခုလုံးတွင် ဘေးဒုက္ခ နှင့် ကြုံတွေ့ ခဲ့ရသူပေါင်း ၁.၆၅၁၇ သန်း ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Linfa တိုင်ဖွန်း မုန်တိုင်း သည် ဇူလိုင် ၉ ရက်နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် ကွမ်တုံး ပြည်နယ် အရှေ့ပိုင်း ရှန်ဝေ မြို့နယ် ကျာတုံးမြို့ ပင်လယ် ကမ်းခြေမှ စတင် ဝင်ရောက် လာခဲ့သည်။ စတင် ဝင်ရောက်ချိန်တွင် အမြင့်ဆုံး လေတိုက်နှုန်း သည် အဆင့် ၁၂ ရှိ တစ်နာရီ လေတိုက်နှုန်း ၁၂၆ ကီလိုမီတာ ရှိခဲ့သည်။ ၎င်း တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ကွမ်တုံး ပြည်နယ် အတွင်း ရှိ မြို့ကြီး ၅ ခု နှင့် မြို့ငယ် ၁၇ ခု တို့မှာ ဘေးဒုက္ခ ကြုံတွေ့ ခဲ့ရပြီး အချို့ ဒေသ များအနေဖြင့် ပျက်စီးမှု ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည်။

ကွမ်တုံး ပြည်နယ် အစိုးရ ဌာန ၏ ကနဦး စာရင်းပြုစုချက်အရ ပြည်နယ်တစ်ခုလုံးတွင် လူပေါင်း ၅ သောင်း ၆ ထောင်ကျော် အရေးပေါ် နေရာချထားရန် လိုအပ်နေကြောင်း ပြောကြား ခဲ့သည်။ အိမ်ခြေ ၂၈၈ လုံး ပြိုလဲခဲ့ပြီး စိုက်ပျိုးရေး ဧရိယာ ပေါင်း ၄၆,၅၀၀ ဟက်တာ ပျက်စီး သွားခဲ့သည်။ တိုက်ရိုက် စီးပွားရေး ဆုံးရှုံးမှု တရုတ် ယွမ်ငွေ ၁.၂၉၉ ဘီလီယံ ရှိခဲ့ကြောင်း သိရှိရသည်။

“ကြာပန်း” (Linfa) တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်ခဲ့သည့် ကွမ်တုံးပြည်နယ်မြင်ကွင်း (ဆင်ဟွာ)

ဖူကျန့် ပြည်နယ်တွင် Chan-hom စူပါ တိုင်ဖွန်း မုန်တိုင်း မတိုက်ခတ်မီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားစဉ် (ဆင်ဟွာ)

ကွမ်တုံး ပြည်နယ် အစိုးရ ဌာန မှ မုန်တိုင်း တိုက်ခတ် ပြီးနောက် မုန်တိုင်း တိုက်ခတ် ခံရသည့် ဒေသ များသို့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှု အဖွဲ့များ စေလွှတ်ကာ လူထုများအား စုဝေးနေရာချထားခြင်း ၊ အသိမိတ်ဆွေ နှင့် ဆွေမျိုးများထံ နေရာချထားခြင်း ပုံစံဖြင့် အရေးပေါ် ဒုက္ခသည်များအား နေရာချထား ခဲ့ကြောင်း သိရှိရသည်။

တရုတ် မိုးလေဝသ ဌာနမှ ဇူလိုင်လ ၁၁ ရက်နေ့ အစောပိုင်း တွင်လည်း အလွန် ပြင်းထန်သော Chan-hom စူပါ တိုင်ဖွန်း မုန်တိုင်းသည် ကျဲ့ကျန်းပြည်နယ် ရွေ့အမ်းနှင့် တန်းဆန်း ကမ်းခြေ တလျှောက်မှ တစ်နာရီ ၂၀၈ ကီလိုမီတာ နှုန်းဖြင့် ဝင်ရောက် လာမည် ဖြစ်ကြောင်း အမြင့်ဆုံး သတိပေးချက် ထုတ်ပြန် ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.