Connect with us

Environment, Disasters & Accidents

ပြင်းအား ၆.၅ ပမာဏရှိ ရှင်းကျန်း ငလျင်ကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာ


ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ဘက် ရှင်းကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ ယနေ့နံနက် လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၅ ပမာဏရှိတဲ့ ငလျင်ကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာပြီး အရေးပေါ်အဆင့် (၄) အဖြစ် သတ်မှတ်လိုက်သည်။

အဆိုပါ ငလျင်ကြောင့် ဒဏ်ရာရရှိသူ ၅၀ ခန့်ရှိကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံ ပြည်သူ့ရေးရာ ဝန်ကြီးဌာနနှင့် သဘာဝဘေး လျှော့ချရေးဆိုင်ရာ တရုတ်အမျိုးသား ကော်မရှင်တို့က ငလျင်ဒဏ်သင့်ဒေသသို့ ကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းများနှင့် ယာယီတဲပေါင်း တစ်ထောင်ကိုလည်း ပေးပို့ပြီး ဖြစ်ကြောင်း သိရသည်။
အရေးပေါ်တုံ့ပြန်မှု အဆင့်လေးမှာ ၂၄ နာရီ သတိပေးစနစ်၊ နေ့စဉ် ပျက်စီး ဆုံးရှုံးမှု အစီရင်ခံစာ၊ ၄၈ နာရီအတွင်း ကယ်ဆယ်ရေး ပစ္စည်းနဲ့ ငွေကြေး ထောက်ပံ့မှုတွေ ပါဝင်ပါသည်။

ယနေ့နံနက် ဒေသ စံတော်ချိန် ၀၉း၀၇ နာရီမှာ မြောက်လတ္တီကျု ၃၇.၆ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၇၈.၂ ဒီဂရီရှိ ဟိုတန်စီရင်စုက ဖိရှန်ဒေသကို ဗဟိုပြု လှုပ်ခတ်သွားကြောင်း တရုတ်ငလျင် ကွန်ယက် ဗဟိုဌာန (CENC) မှ သိရပါသည်။

ရုတ်တရက် လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အနက် ၁၀ ကီလိုမီတာထိ ရှိခဲ့ပြီး လူနေ အိမ်တွေပျက်စီးခြင်း၊ ဆက်သွယ်ရေး လိုင်းတွေ ပြက်တောက်ခြင်းတွေ ဖြစ်ခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ စီရင်စု ကော်မတီအရ သိရပါသည်။

ဖီရှန်က ဒေသပိုင် လယ်ယာမြေက အလုပ်သမား လီဟွာက တစ်မိနစ်ခန့် လှုပ်ခါခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မူးဝေခဲ့ပြီး သူ့ရဲ့လေးလွှာမှာရှိတဲ့ တိုက်ခန်းကို လှုပ်ခါခဲ့တယ်လို့ ဆင်ဟွာကို ပြောပါသည်။

တရုတ်နိုင်ငံ အနောက်မြောက်ဘက် ရှင်းကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ငလျင် လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေပုံ (ဆင်ဟွာ)

ငလျင် လှုပ်ခတ်ပြီးတဲ့ နောက်ပိုင်း အဆိုပါ ဧရိယာမှာ ပြင်းအား ၃.၀ နဲ့ ၄.၆ ပမာဏရှိတဲ့ အသေးစား ငလျင်တွေ လှုပ်ခတ်ခဲ့ကြောင်း တရုတ် ငလျင် ကွန်ယက် ဗဟိုဌာန (CENC) အရ သိရပါသည်။

ငလျင်ကြောင့် ဟိုတန ်လေဆိပ် ပိတ်ထားခဲ့ရတယ်လို့ တရုတ် ငလျင် စီမံခန့်ခွဲရေး (China Earthquake Administration= CEA) ရဲ့ဝက်ဘ်ဆိုဒ်မှာ ထုတ်ပြန်ချက် ပြောထားပါသည်။

ဖိရှန်ဒေသဟာ ရှင်းကျန်းဒေသ တောင်ဘက်စွန်းမှာ တည်ရှိပြီး Urumqi မြို့တော်ကနေ ကီလိုမိတာ ၁,၈၀၀ အကွာမှာ ရှိသလို စတုရန်း ကီလိုမီတာ ၃၉,၇၀၀ ကျယ် ဝန်းပါသည်။ အဆိုပါဒေသမှာ လူဦးရေ ၂၅၈,၀၀၀ ရှိပြီး Uygur မျိုးနွယ်စုတွေ အဓိက အခြေချ နေထိုင်ကြသည်။ ( Xinhua)