Connect with us

China

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုစာရင်း စဉ်ဆက်မပြတ် တိုးချဲ့သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်တို့ တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က ဆွေးနွေးမှုမပြုလုပ်မီ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
နောက်ခြေလှမ်းတစ်ရပ်အနေဖြင့် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်အတူ တန်းတူညီမျှရှိမှု၊ လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုရှိသော အခြေခံမူကို အရင်းခံ၍ ပူးပေါင်းဆောင်ရွက်မှုစာရင်းကို စဉ်ဆက်မပြတ် တိုးချဲ့သွားရန်၊ ပြဿနာစာရင်းကို လျှော့ချရန်၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ်တိုးတက်စေရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်ရုန်ချန်က မေ ၁၄ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မကြာသေးမီရက်ပိုင်းက တရုတ်-အမေရိကန် နှစ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် ဆွေးနွေးပွဲသည် အဓိကအားဖြင့် မည်သည့်ကဏ္ဍများကို အဓိကထားခဲ့သနည်း၊ နောက်ခြေလှမ်းတစ်ရပ်အနေဖြင့် နှစ်ဖက်ကုန်သွယ်စီးပွားဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ တိုးတက်ရေးကို မည်သို့မြှင့်တင်ကြမည်နည်း၊ အမေရိကန် သမ္မတ ထရမ့်သည် တရုတ်နိုင်ငံသို့ ခရီးစဉ်ရောက်ရှိလျက်ရှိရာ တရုတ်-အမေရိကန်အကြား မည်သည့်သဘောတူညီချက်များ ရရှိနိုင်သနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
ဟယ်ရုန်ချန်က ဒေသစံတော်ချိန် မေ ၁၃ ရက်တွင် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံဘက် ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံဘက် ဦးဆောင်သူ၊ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် တို့သည် တောင်ကိုရီးယားနိုင်ငံ၌ ကုန်သွယ်စီးပွားရေးကဏ္ဍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို လမ်းညွှန်ချက်အဖြစ် ထားရှိကာ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုရှိသော အခြေခံမူကို လက်ကိုင်ထား၍ နှစ်ဖက်ဂရုပြုကြသည့် ကုန်သွယ်စီးပွားကဏ္ဍကိစ္စရပ်များ ဖြေရှင်းရေး၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုးချဲ့ရေးနှင့် စပ်လျဉ်း၍ ပွင့်လင်းနက်ရှိုင်းစွာ အပြုသဘောဆောင် ဖလှယ်ခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————-
(Chinese Version)
商务部:中方愿同美方一道不断拉长合作清单
新华社北京5月14日电(记者黄韬铭、谢希瑶)商务部新闻发言人何咏前在14日举行的例行新闻发布会上表示,下一步,中方愿同美方一道,本着平等、尊重、互惠的原则,不断拉长合作清单,压缩问题清单,推动中美经贸关系健康、稳定、可持续发展。
有记者问:中美日前在首尔举行了经贸磋商,请问这次磋商主要集中在哪些方面?下一步将如何促进双边经贸关系健康稳定发展?美国总统特朗普正在访问中国,中美有可能达成哪些协议?
何咏前表示,当地时间5月13日,中美经贸中方牵头人、国务院副总理何立峰与美方牵头人、美国财政部长贝森特在韩国举行经贸磋商。双方以两国元首重要共识为指引,秉持相互尊重、和平共处、合作共赢的原则,就解决彼此关注的经贸问题和进一步拓展务实合作进行了坦诚、深入、建设性交流。(完)
1. 当地时间5月13日,中美两国经贸团队在韩国举行中美经贸磋商。这是5月13日磋商前,中共中央政治局委员、国务院副总理何立峰与美国财政部长贝森特握手。 新华社记者 张笑宇 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117