Connect with us

China

တရုတ်နိုင်ငံ၏ ဝေဟင်နိမ့်စီးပွားရေးလုပ်ငန်းက ဝင်ငွေ ယွမ် ဘီလီယံ ၅၀၀ ရရှိ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Ili Kazak ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ရှင်းယွမ်ခရိုင်ရှိ နာရတ် အပြည်ပြည်ဆိုင်ရာစကိတ်စီး အပန်းဖြေစခန်းတွင် ပျံသန်းနေသည့် ရှုမျှော်ခင်းကြည့်ရဟတ်ယာဉ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဝေဟင်နိမ့်စီးပွားရေးလုပ်ငန်းပမာဏသည် ၂၀၂၃ ခုနှစ်ကုန်ပိုင်းအထိ ဝင်ငွေ ယွမ် ဘီလီယံ ၅၀၀ ကျော် (အမေရိကန်‌ဒေါ်လာ ဘီလီယံ ၇၀ ခန့်) ရရှိခဲ့ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ယွမ် ၂ ထရီလီယံအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဌာန (CAAC) ထံမှ သိရသည်။
ဝေဟင်နိမ့်စီးပွားရေးလုပ်ငန်းသည် ဝေဟင်နိမ့်လေပိုင်နက်ပေါ် အမှီပြုထားသော စီးပွားရေးပုံစံတစ်ခုဖြစ်သည်။

၎င်းတွင် ဝေဟင်နိမ့်ပျံသန်းမှု၊ လေကြောင်းခရီးသွားလုပ်ငန်း၊ ခရီးသည်သယ်ယူပို့ဆောင်ရေး၊ အထွေထွေလေကြောင်းဝန်ဆောင်မှုများ၊ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနနှင့် ပညာရေးတို့အပြင် အခြားကဏ္ဍများလည်း ပါဝင်သည်။ CAAC ၏ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ အထွေထွေ မြို့ပြလေကြောင်းလုပ်ငန်း အရေအတွက် ၆၈၉ ခုရှိလာခဲ့ပြီး အထွေထွေမြို့ပြလေကြောင်းလိုင်း လေယာဉ် ၃,၁၇၃ စင်း မှတ်ပုံတင်ထားခဲ့ပြီး အထွေထွေမြို့ပြလေဆိပ် ၄၅၁ ခု တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China’s low-altitude economy exceeds 500 bln yuan: CAAC
BEIJING, Feb. 29 (Xinhua) — The size of China’s low-altitude economy as of the end of 2023 is estimated at more than 500 billion yuan (about 70 billion U.S. dollars), with its scale expected to rise to 2 trillion yuan by 2030, according to the Civil Aviation Administration of China (CAAC).
The low-altitude economy is an economic concept that relies on low-altitude airspace. It involves economic sectors such as low-altitude flight, air tourism, passenger transportation, general aviation services, scientific research and education, among others. According to CAAC data, as of the end of 2023, the number of general aviation firms in China stood at 689, with 3,173 general aviation aircraft registered and 451 general aviation airports established.
Photo: A helicopter for sightseeing flies at Narat international ski resort in Xinyuan County, Ili Kazak Autonomous Prefecture, northwest China’s Xinjiang Uygur Autonomous Region, Dec. 21, 2023. (Xinhua/Li He)