Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကမ္ဘောဒီးယားသို့ ရောက်ရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ဖနွမ်းပင် လေဆိပ်တွင် ကြိုဆို နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို့ အောက်တိုဘာလ ၁၃ ရက်က ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံအကြား အစဉ်အလာရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာရန်နှင့် ကျယ်ပြန့်သည့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာနက်ရှိုင်းစေရန် ရည်ရွယ်ကာ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ခရီးစဉ်သည် ကမ္ဘောဒီးယားနိုင်ငံသို့ သမ္မတ ရှီ၏ ပထမဆုံး ခရီးစဉ်လည်း ဖြစ်သည်။ ၎င်းသည် ကမ္ဘောဒီးယားနိုင်ငံသို့ ဒုတိယ သမ္မတအဖြစ် ၂၀၀၉ ခုနှစ်က ရောက်ရှိခဲ့သည်။ချစ်ကြည်ရေး ခရီးစဉ်အတွင်း ရှီသည် ကမ္ဘောဒီးယား ဘုရင် နိုရိုဒမ် ရှီဟမ်မိုနီနှင့် တွေ့ဆုံမည် ဖြစ်ပြီး ဘုရင့် မယ်တော် နိုရိုဒမ် မိုနီနိသ် သီဟာနုထံ သွားရောက်လည်ပတ်မည် ဖြစ်သည်။ ထို့နောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့်လည်း တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်သည်။သမ္မတ ရှီ၏ ခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များစွာ ချုပ်ဆိုမည် ဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ဖနွမ်းပင် လေဆိပ်တွင် ကျောင်းသူကျောင်းသားများက ကြိုဆိုနေစဉ် (ဆင်ဟွာ)

စီးပွားရေး ကဏ္ဍတွင် ကြည့်ပါက တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ် တစ်ခု ဖြစ်ကြောင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကွန်ရက် ချိတ်ဆက်မှု၊ စွမ်းအင် အရင်းအမြစ်နှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စသည့် နယ်ပယ်များ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်လျက်ရှိသည်။တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၅ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၄.၄၃ ဘီလီယံ ရှိပြီး နှစ်စဉ် ၁၇.၉၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရုတ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဋ္ဌာနအရ သိရသည်။သမ္မတ ရှီသည် ကမ္ဘောဒီးယား ခရီးစဉ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာပြည်နယ်တွင် ပြုလုပ်မည့် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117