Connect with us

Politics, Law & Military

သမ္မတရှီက ဘရာဇီးနိုင်ငံ၌ ဖြစ်ပွားခဲ့သော ဆည်ကျိုးမှုအပေါ် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာပေးပို့

ဘရာဇီးနိုင်ငံ ဇန်နဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့သော ဆည်ကျိုးမှုမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဘရာဇီးနိုင်ငံ၌ ဇန်နဝါရီ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သော ဆည်ကျိုးမှုအပေါ် ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာတစ်စောင်ကို ဘရာဇီးသမ္မတ ဂျာဘိုလ်ဆန်နာရို(Jair Bolsonaro) ထံ ဇန်နဝါရီ ၂၆ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါသဝဏ်လွှာထဲတွင် ဘရာဇီးနိုင်ငံ Minas Gerais ပြည်နယ်၌ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရသော ဆည်ကျိုးမှုသတင်းကို ကြားသိရသည့်အတွက် များစွာတုန်လှုပ်မိပါကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများကိုယ်စား သမ္မတရှီက အသက်သေဆုံးသွားကြသူများ နှင့် ပျောက်ဆုံးသွားကြသူများ၏ မိသားစုဝင်များထံ စာနာဝမ်းနည်းမိပါကြောင်း ပြောကြားခဲ့ပြီး ၊ ဘရာဇီးပြည်သူများအတွက် ၎င်း၏ပူဆွေးမှုကို သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ထိခိုက်ပျက်စီးမှုမှ အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရန်လည်း ၎င်းက ဆုမွန်တောင်းစကား ဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.