Connect with us

Politics, Law & Military

Brexit အရေး စလုံးရေစရန်လွယ်ပေငြား ဇတ်သိမ်းလှဖို့က ခက်နေ

Brexitအရေး ဗြိတိန်လွှတ်တော်အရှေ့တွင် ဆန္ဒပြ ဖော်ထုတ်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ)

Brexitအရေး တစ်ကမ္ဘာလုံးက အာရုံစိုက်နေချိန်တွင် ဗြိတိန်လွှတ်တော်က ဇန်နဝါရီ ၂၉ ရက် ည၌ မဲခွဲဆုံးဖြတ်မှုတစ်ရပ်ပြုလုပ်ခဲ့ရာ လက်ရှိသဘောတူညီချက်ပါ အိုင်ယာလန်နယ်စပ်ရေးရာ အရံပြင်ဆင်မှု(Backup arrangement)ကို ပြန်လည်ပြင်ဆင်ရန် ဥရောပသမဂ္ဂနှင့်ထပ်မံညှိနှိုင်းရေးအတွက် ဝန်ကြီးချုပ်ထရီဇာမေကို တောင်းဆိုခဲ့သည်။

ဥရောပသမဂ္ဂမှ ဗြိတိန် တရားဝင်နုတ်ထွက်ရန် နှစ်လသာ အချိန်ကျန်တော့ရာ သဘောတူညီချက်ကိုပြင်ဆင်ရန် ဆောင်ရွက်ခြင်းက Brexit၏အလားအလာကို အရိပ်မည်းကျစေသည်။

Brexitသည် ယခုနှစ်ပိုင်းများတွင် အနောက်နိုင်ငံများအကြား ဖြစ်ပွားသည့် မကြုံစဖူးကိစ္စထူးတစ်ခု ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇွန်လတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) သည် နိုင်ငံရေးဇတ်ခုံတွင် ၎င်း၏ နေရာခိုင်မာရန်အတွက် အပိုင်အနိုင်ဖြစ်မည်ဟု မိမိဘာသာယူဆထင်မှတ်ထား

သော်လည်း တကယ်တမ်းပြည့်စုံသည့်ပြင်ဆင်မှုမရှိသေးသည့် Brexitအရေးကိစ္စကို ပြည်သူ့ဆန္ဒကောက်ခံမှုပြုလုပ်ခဲ့ရာ ၅၂ ရာခိုင်နှုန်း မဆိုစလောက်မဲအသာဖြင့် အနိုင်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ဗြိတိန်သည် ဘေးကြပ်နံကြပ်လမ်းခရီးကို စတင် လျှောက်လှမ်းခဲ့ရသည်။

ဥပဒေနည်းလမ်းအရ ကြည့်ပါက ထိုစဉ်က Brexit ပြည်သူ့ဆန္ဒမဲရလဒ်သည် ဥပဒေစည်းမျဉ်းများအရ ကန့်သတ်သတ်မှတ်ချက်များမရှိခဲ့ ၊ဗြိတိန်လွှတ်တော်နှင့်အစိုးရအနေဖြင့် လက်တွေ့ဆောင်ရွက်မှုမပြုလျှင်လည်းရနိုင်ရာ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန် အရေးကိစ္စမှာ ရှေ့လည်းတိုးသာ၊နောက်လည်းဆုတ်သာအခြေအနေမျိုးဖြစ်သည်။ သို့သော် ဗြိတိန်၏ နိုင်ငံရေးအားပြိုင်မှု အရ ဒေးဗစ် ကင်မရွန်း (David Cameron)အား ဆက်ခံသူ ထရီဇာမေသည် ၂၀၁၇ ခုနှစ် မတ်လ ၂၉ ရက်တွင် Brexit လျှောက်လွှာကို လက်မှတ်ရေးထိုးပြီး လစ္စဘွန်း သဘောတူညီချက် အပိုဒ် ၅၀ အရ Brexit ဆောင်ရွက်မှုကို အသက်သွင်းခဲ့သည်။

ဗြိတိန်နှင့် ဥရောပသမဂ္ဂအကြား၂ နှစ် နီးပါး အချေအတင်ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ လွန်ခဲ့သောနှစ် နိုဝင်ဘာလတွင် Brexit သဘောတူညီချက်ရရှိခဲ့ကြသည်။ သို့သော်လည်း Brexit လမ်းခရီးဖြောင့်ဖြူး မည်ဟု ထင်မှတ်ဆဲကာလ ယခုလ လလယ်ပိုင်းတွင်ပင် ဗြိတိန်လွှတ်တော်က မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့ရာ သဘောတူညီချက်မှာ မဲအပြတ်အသတ်ဖြင့် ပယ်ချခံခဲ့ရသည်။

ယခုလွှတ်တော်၏ထပ်မံမဲခွဲဆုံးဖြတ်မှုကလည်း Brexit သဘောတူညီချက်၏ အငြင်းပွားမှုအရှိဆုံးအကြောင်းအရာကို ပြန်လည်ပြင်ဆင်ရန်ပင်ဖြစ်သည်။ သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်ခြင်းက ဗြိတိန်၏ယုံကြည်မှုကို ကျဆင်းစေသလို စက်မှုကုန်သွယ်လုပ်ငန်းများ၏ စိုးရိမ်ကြောင့်ကြမှုကို အထပ်ထပ်တိုးပွားစေရာ စတာလင်ပေါင်ငွေ၏တန်ဖိုးကို ကျဆင်းစေသည်။

လွန်ခဲ့သော နှစ်နှစ်ကျော်ကြာကာလကို နောက်ပြန်ကြည့်မည်ဆိုလျှင် Brexitက ဗြိတိန်ကို အတော်လေး မွှေနှောက်သွားသည်ကို တွေ့ရမည်ဖြစ်သည်။ ပထမအနေဖြင့် နိုင်ငံရေး ဝဲဂယက်ရိုက်ခတ်ခဲ့မှုကို တွေ့ရမည်ဖြစ်သည်။ Brexitကြောင့် ဝန်ကြီးချုပ်တစ်ဦးရာထူးမှ ဆင်းပေးရခဲ့ရသလို ကျန်ဝန်ကြီးချုပ်တစ်ဦးကလည်း ယုံကြည်မှုမရှိ အဆိုကို နှစ်ခါ တင်သွင်းခံခဲ့ပြီး ဝန်ကြီးဆယ်ဦးကျော် ရာထူးမှနုတ်ထွက်ခဲ့ကြရာ ဝန်ကြီးချုပ်ရုံးမှာ အခြားကိစ္စများကို အလေးမထားနိုင်ဘဲ Brexitအရေးနှင့်သာ တဝဲလည်လည် ဖြစ်နေရသည်။ ဒုတိယအနေဖြင့် Brexitကြောင့် ဗြိတိန်တွင် ကွဲလွဲမှုများ ဖြစ်ပွားခဲ့ရာ ပါတီများအကြား၊ဒေသများအကြား ၊ အဖွဲ့အစည်းများကြား Brexit ဆောင်ရွက်မဆောင်ရွက်၊မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်ဆိုသည်ကို အငြင်းပွားမှု၊ထိပ်တိုက်ရင်ဆိုင်မှုများ ဆက်တိုက်ဖြစ်လျက်ရှိသည်။ တတိယအနေဖြင့် စီးပွားရေးအရ အနုတ်လက္ခဏာသက်ရောက်မှုများ ပိုမိုပေါ်လွင်လာသည်ကို တွေ့ရသည်။ အချို့ဘဏ္ဍာရေးဌာနအဖွဲ့အစည်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများက ဥရောပတိုက် သို့ စတင်ရွှေ့ပြောင်းလျက်ရှိသည် ။ဥပမာ ဆိုရသော် ဆိုနီကုမ္ပဏီ၏ ဥရောပ ရုံးချုပ်ကို နယ်သာလန်သို့ပြောင်းရွှေ့သွားသလို နယ်သာလန်နိုင်ငံကလည်း နိုင်ငံခြားကုမ္ပဏီ၂၀၀ ကျော်၏ ဥရောပရုံးချုပ်များကို မိမိနိုင်ငံသို့ ရွှေ့ပြောင်းရန် ပြောဆိုမှုများ ရှိလာသည်။

Brexitအရေး မည်သို့ခရီးဆက်မည်၊ နောက်ဆက်တွဲခြေလှမ်းမည်သို့လျှောက်လှမ်းကြမည်မှာ စဉ်းစားစရာပင် ဖြစ်သည်။ လက်ရှိ Brexitသဘောတူညီချက်ကို ပြန်လည်ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ပြီး ပြင်ဆင်ရန် တောင်းဆိုထားသလို ဗြိတိန်လွှတ်တော်က သဘောတူညီချက်မရှိ ဥရောပသမဂ္ဂမှနုတ်ထွက်ရန်နှင့် အချိန်ရွှေ့ဆိုင်းနုတ်ထွက်ရန်လည်း ငြင်းဆိုထားသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဗြိတိန်ဘက်မှ သတ်မှတ်ထားသည့် တစ်ခုတည်းသောနည်းလမ်းမှာ လက်ရှိ Brexitသဘောတူညီချက်ကိုပြင်ဆင်မည် ၊ နှစ်လအတွင်း သဘောတူညီချက်ဖြင့် ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန်ဖြစ်သည်။ လက်ရှိ အခြေအနေအရ ယခုနည်းလမ်းမှာ တစ်ဖက်သတ်ဆန္ဒသာဖြစ်နေပါသည်။ ဥရောပသမဂ္ဂမှ အလျှော့ပေးလိုက်လျောမှုမရှိခဲ့ပါက ဝန်ကြီးချုပ်ထရီဇာမေအနေဖြင့်ရင်ဆိုင်ရမည်မှာ ဖြေရှင်းမရသည့် ပုစ္ဆာပင်ဖြစ်သည်။

ဥရောပသမဂ္ဂက လက်ရှိ သဘောတူညီချက်ကို ပြင်ဆင်ရန် ထပ်ခါတလဲလဲငြင်းဆိုထားသည်။ လက်ရှိသဘောတူညီချက်သည် အကောင်းဆုံးဖြစ်သလို ပြန်လည်ဆွေးနွေးညှိနှိုင်းမှုပြုမည် မဟုတ်ကြောင်း ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (Donald Tusk) မှအစ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron )အဆုံး ပြောကြားခဲ့သည်များရှိရာ ထရီဇာမေအနေဖြင့် ဥရောပသမဂ္ဂကို နားချရန်မှာ သေချာခိုင်မာမှုမရှိဖြစ်နေသည်။

ဗြိတိန်အနေဖြင့် တစ်ခုတည်းသောရွေးချယ်ရန်နည်းလမ်းမှာ သဘောတူညီချက်မဲ့ နုတ်ထွက်ခြင်း (Hard Brexit)သာ ဖြစ်နိုင်ရာ အချို့ ဗြိတိန်မီဒီယာများက ဥရောပသမဂ္ဂအနေဖြင့် သေချာပေါက် အရင် အကြောင်းပြန်မည်ဖြစ်သည်ဟု ခန့်မှန်းနေကြသည်။ အမှန်တကယ်တွင်မူ Hard Brexitသည် ဥရောပသမဂ္ဂရော ဗြိတိန်အတွက်ပါ အထိနာစေမည်ဖြစ်ရာ ဗြိတိန်အတွက် ပို၍ အထိနာမည်ဖြစ် ပါသည်။

ယခု Brexit ဇတ်လမ်းသစ်ကတော့ စတင်နေပြီရာ အစလွယ်၍ ဇတ်သိမ်းခက်နေသည် Brexitအရေး မည်သို့မည်ပုံအဆုံးသတ်မည်ကိုမူ လက်ရှိတွင် ခန့်မှန်းရခက် သိရခက်နေပေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.