Connect with us

Politics, Law & Military

အင်ဂိုလာ နိုင်ငံ ဒုတိယ သမ္မတ နှင့် တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး တို့တွေ့ဆုံ ဆွေးနွေး

အင်ဂိုလာ နိုင်ငံ ဒုတိယ သမ္မတ Manuel Vicente နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ချန်ဝမ်ချွမ် တွေ့ဆုံစဉ်(ဆင်ဟွာ)

လွမ်ဒါ ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

အင်ဂိုလာ နိုင်ငံ ဒုတိယ သမ္မတ Manuel Vicente နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ချန်ဝမ်ချွမ် ( Chang Wanquan ) တို့က ဇူလိုင်လ ၁၄ ရက်နေ့၌ လွမ်ဒါ မြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း အင်ဂိုလာ နိုင်ငံ ဒုတိယ သမ္မတ Manuel Vicente က အင်ဂိုလာ နိုင်ငံ နှင့် တရုတ် နိုင်ငံ အကြား ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု သည် ခိုင်မာသည့် အခြေအနေများ တည်ရှိပြီး ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန် အတွက် အရေးပါသည့် သဘောသဘာဝ များ ရှိကြောင်း ၊ အင်ဂိုလာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ နိုင်ငံတော် တည်ဆောက်ရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တို့တွင် ကြီမားသည့် ထောက်ပံ့မှု များအတွက် ကျေးဇူးတင်ကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင်ခဲ့သည့် “ခေတ်သစ်ပိုးလမ်းမကြီး” ကို လွန်စွာ ချီးကျူးပြီး ခေတ်သစ်ပိုးလမ်းမကြီး မူဘောင်အောက်တွင် တရုတ် နိုင်ငံ နှင့် မဟာဗျူဟာ ချိတ်ဆက်မှု ကို မြှင့်တင်သွားလိုကြောင်း ၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ရွက်ပြီး နှစ်နိုင်ငံ ပြည်သူလူထု ကို အကျိုးဖြစ်ထွန်း စေလိုကြောင်း ပြောကြား ခဲ့သည်။

ချန်ဝမ်ချွမ် က တရုတ်-အင်ဂိုလာ နှစ်နိုင်ငံ သည် ရှည်လျားသည့် ချစ်ကြည်ရေး တည်ရှိပြီး ပူးပေါင်းဆောင်ရွက်မှု များသည်လည်း တိုးတက်ပျံ့ပွားလာခဲ့ကြောင်း ၊ သံတမန် ဆက်ဆံရေး တည်ဆောက်ခဲ့ပြီး နောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာ ခဲ့ပြီး အနီးကပ် ပူးပေါင်း ဆောင်ရွက်မှု များရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်တို့ သဘောတူညီခဲ့သည့် ကိစ္စရပ် များကို လက်တွေ့အကောင်အထည် ဖော်ပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ကာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ကို ပိုမို မြှင့်တင်သွား လိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ချန်ဝမ်ချွမ် သည် ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်း အချိန်၌ အင်ဂိုလာ နိုင်ငံ ကာကွယ်ရေး ဝန်ကြီး နှင့် တွေ့ဆုံခဲ့ပြီး အင်ဂိုလာ ကာကွယ်ရေး ဝန်ကြီး က ချန်ဝမ်ချွမ် အား ဂုဏ်ပြုအခမ်းအနား ဖြင့် ကြိုဆိုခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.