Connect with us

Politics, Law & Military

အမျိုးသားလုံခြုံရေးဥပဒေက ကာလရှည်တွင် စီးပွားရေးလုပ်ငန်းများကို ကြီးကြီးမားမား တိုးတက်မှုရှိစေကြောင်း ဟောင်ကောင် ကုန်သည်ကြီးများအသင်း ပြောကြား

ဟောင်ကောင်ရှိ Victoria Harbour အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မကြာသေးမီက စစ်တမ်းကောက်ယူထားသော စီးပွားရေးလုပ်ငန်းများက ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေ၏ အကျိုးသက်ရောက်မှုသည် ကာလရှည်တွင် ကြီးမားသော တိုးတက်မှုရှိစေမည်ဟု ဖော်ပြကြောင်း ဟောင်ကောင် အထွေထွေ ကုန်သည်ကြီးများအသင်းက ဇွန် ၁ ရက်တွင် ပြောခဲ့သည်။

ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေ၏ အကျိုးသက်ရောက်မှုအပေါ် ကုန်သည်ကြီးများအသင်းက မေ ၂၆ ရက်မှ ၂၉ ရက်အထိ စစ်တမ်းကောက်ယူခဲ့ပြီး ဖြေကြားသူ ၆၁ ရာခိုင်နှုန်းက အဆိုပါဥပဒေသည် စီးပွားရေးလုပ်ငန်းအားလုံးအတွက် ကောင်းသော အကျိုးသက်ရောက်မှုရှိမည်ဟုယုံကြည်ကြောင်း (သို့မဟုတ်) ကာလရှည်ကြာတွင်  ၎င်းတို့၏စီးပွားရေးလုပ်ငန်းအပေါ် မကောင်းသောသက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ဖြေကြားခဲ့သည်။ 

ယေဘုယျအားဖြင့် ယင်းဥပဒေသည် ရေရှည်တွင် စီးပွားရေးအသိုင်းအဝိုင်းကို တိုးတက်မှုရှိစေမည်ဖြစ်ကြောင်း ကုန်သည်ကြီးများက သဘောတူဆုံးဖြတ်ခဲ့သည်။စစ်တမ်းဖြေဆိုခဲ့သူ ၄၁၈ ဦး၏ ရလဒ်အရ ဥပဒေပြဌာန်းခြင်းများနှင့် ဆောင်ရွက်ချက်များကို တိတိကျကျ အကောင်အထည်ဖော်မှု အသေးစိတ်ကို ဖြစ်နိုင်သမျှမြန်မြန် ကြေညာသွားမည်ဟု မျှော်လင့်ကြောင်း ကုန်သည်ကြီးများအသင်းက ဆိုသည်။

ထို့ပြင် ဟောင်ကောင်တွင် လုပ်ကိုင်နေကြသည့် ဒေသခံနှင့် ပြည်ပ ကုမ္ပဏီများကို မလိုလားအပ်ဖွယ် ထိခိုက်မှုဖြစ်စေမည့် ပြည်ပနိုင်ငံများမှ ဟောင်ကောင်အပေါ် မည်သို့သော စီးပွားရေးပိတ်ဆို့မှုကိုမဆို စီးပွားရေးအသိုင်းအဝိုင်းက ကန့်ကွက်ပါကြောင်း ကုန်သည်ကြီးများအသင်းက ပြောကြားခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117