Connect with us

Politics, Law & Military

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ၏ ဟောင်ကောင်ဆိုင်ရာအက်ဥပဒေကို ဥပဒေအတွင်း ထည့်သွင်းမှု လက်မှတ်ရေးထိုးခဲ့ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်မြို့ရှိ Golden Bauhinia ရင်ပြင်၌ ဇူလိုင် ၁ ရက်က ကျင်းပသည့် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက် အလံတင်အခမ်းအနားတွင် တရုတ်နိုင်ငံတော်အလံ လွှင့်ထူထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက  “ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအက်ဥပဒေ” ဟူ၍ ခေါ်ဆိုနေသည့် “ Hong Kong Autonomy Act” အား ဥပဒေအတွင်း ထည့်သွင်းရန် အမေရိကန်နိုင်ငံက လက်မှတ်ရေးထိုးလိုက်ခြင်းအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်း နှင့် ခိုင်ခိုင်မာမာ ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝဂ်ဆိုက်၌ ယနေ့ ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ တရားဝင်တည်ရှိသော အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သော တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် အမေရိကန်နိုင်ငံ၏ အဖွဲ့အစည်းများ နှင့် ဆက်စပ် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်း ကြေညာချက်တွင် ဖော်ပြထားသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117