Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ ဆုံးဖြတ်မှု နယ်ပယ်များတွင် အမျိုးသမီးများ ပါဝင်မှု မြင့်မားလာ

၁၂ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် တက်ရောက်နေသော အမျိုးသမီး ဒုတိယ ဝန်ကြီးများ ( ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဆုံးဖြတ်မှုနှင့် စီမံခန့်ခွဲမှု ကဏ္ဍများ၌ အမျိုးသမီးများ ပါဝင်နိုင်မှုသည် သိသိသာသာ တိုးတက် လာခဲ့ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်သော စက္ကူဖြူ စာတမ်း အရသိရသည်။

တရုတ်နိုင်ငံ ပြည်သူ့ ကွန်ဂရက်တွင် ကဏ္ဍအသီးသီးမှ အမျိုးသမီး ကိုယ်စားလှယ်များကို ပိုမို ပါဝင်စေခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် ၁၂ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်၏ ပထမအကြိမ် အစည်းအဝေးတွင် အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်မှု အချိုးသည် ၂၃.၄ ရာခိုင်နှုန်းရှိလာခဲ့ပြီး လွန်ခဲ့သော နှစ် ၂၀ ကရှိခဲ့သော ၂.၄ ရာခိုင်နှုန်းမှ မြင့်တက်လာခြင်း ဖြစ်သည်။ လူနည်းစု တိုင်းရင်းသားမျိုးနွယ် ကိုယ်စားလှယ် စုစုပေါင်း အရေအတွက်၏ ၄၁.၃ ရာခိုင်နှုန်းမှာ လူနည်းစု တိုင်ရင်းသား မျိုးနွယ်ဝင် အမျိုးသမီး ကိုယ်စားလှယ်များ ဖြစ်ကြောင်း စက္ကူဖြူ စာတမ်းက ဆိုထားပါသည်။

ဆိုရှယ်လစ် အတိုင်ပင်ခံ ဒီမိုကရေစီတွင် အမျိုးသမီးပါဝင်မှုနှင့် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် (Chinese People’s Political Consultative Conference = CPPCC) တို့တွင် အမျိုးသမီးအဖွဲ့ချုပ် ကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များ၏ ပါဝင်မှု မြင့်တက်လာခြင်းအား တရုတ်နိုင်ငံအနေဖြင့် ထိန်းသိမ်း ထားကြောင်း ဆိုပါသည်။

နိုင်ငံ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုများ တွင်လည်း အမျိုးသမီး ပါဝင်မှု အရေအတွက်သည် ဆက်လက် မြင့်တက် နေကြောင်း သိရပါသည်။

၂၀၁၃ ခုနှစ်၌ ဗဟို အစိုးရ ဌာနများနှင့် လက်အောက်ခံ ကုမ္ပဏီများတွင် အမျိုးသမီး ဝန်ထမ်းများ အချိုးသည် ၄၇.၈ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။ လတ်တလော နှစ်များမှာတော့ အမျိုးသမီး ပြည်သူ့ဝန်ထမ်း ခန့်ထားမှုသည် တဖြေးဖြေး မြင့်တက်လာကြောင်း စက္ကူဖြူ စာတမ်းတွင် ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117