Connect with us

Politics, Law & Military

ပါလက်စတိုင်း သမ္မတအား တရုတ် အဆင့်မြင့် ဥပဒေပြုအမတ် လက်ခံတွေ့ဆုံ

တရုတ်နိုင်ငံ အဆင့်မြင့် ဥပဒေပြုအမတ် ကျန်းတယ်ကျန်း (ယာ) နှင့် ပါလက်စတိုင်းနိုင်ငံ သမ္မတ သမ္မတ မာမွတ်အက်ဘတ်စ်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အဆင့်မြင့် ဥပဒေပြုအမတ် ကျန်းတယ်ကျန်းနှင့် တရုတ်နိုင်ငံ ပေကျင်းသို့ အလည်အပတ် ရောက်ရှိနေသော ပါလက်စတိုင်းနိုင်ငံ သမ္မတ မာမွတ်အက်ဘတ်စ် (Mahmoud Abbas) တို့သည် ဇူလိုင်လ ၂၀ ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရန် ကတိပြုခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်း ပြည်သူများ၏ ဥပဒေဆိုင်ရာ အမျိုးသား အခွင့်အရေးများ ရရှိနိုင်စေရေး တရုတ်က ထောက်ပံ့ပေးမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအပေါ် ပါလက်စတိုင်း၏ ထောက်ခံမှုများအား ကျေးဇူးတင်ကြောင်း ကျန်းက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်သည် ပါလက်စတိုင်းနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရန်နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် ကျန်းက တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) က ပါလက်စတိုင်းနှင့်အတူ ဖလှယ်မှုများ ပိုမို လုပ်ဆောင်ကာ ပြည်သူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိခြင်းနှင့် အပြန်အလှန် နားလည်မှုရှိစေရန် တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း NPC အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ကျန်းက ပြောကြားခဲ့သည်။

ပါလက်စတိုင်းနိုင်ငံ သမ္မတ မာမွတ်အက်ဘတ်စ်ကလည်း ပါလက်စတိုင်းအား တရုတ်က ထောက်ပံ့ပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး တရုတ်နှင့်အတူ ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.