Connect with us

Politics, Law & Military

တရုတ်နိုင်ငံမှ ဇနီးမောင်နှံ အားလုံး အတွက် ကလေးနှစ်ယောက် မွေးဖွားခွင့်ပေး

တရုတ် ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမမြောက် မျက်နှာစုံညီ အစည်းအဝေး အား တရုတ်နိုင်ငံ ပေကျင်းမြို့တွင်ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာလ ၂၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတွင် ဆယ်စုနှစ်များစွာ ပြဋ္ဌာန်းခဲ့သည့် ကလေးတစ်ယောက်သာ မွေးဖွားခွင့် ရှိသည့် မူဝါဒကို ပယ်ဖျက်၍ ဇနီးမောင်နှံ အားလုံး အတွက် ကလေးနှစ်ယောက် မွေးဖွားခွင့် ပြုခဲ့ကြောင်း တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ (CPC) က အောက်တိုဘာလ ၂၈ ရက် တွင် ကြေညာခဲ့သည်။

မူဝါဒ ပြောင်းလဲခြင်း၏ ရည်ရွယ်ချက်မှာ တိုးပွားလာသည့် လူဦးရေ နှင့် သက်ကြီးရွယ်အို အရေအတွက် အချိုးအဆ ညီမျှလာစေရန် ဖြစ်ကြောင်း အောက်တိုဘာလ ၂၆ ရက်မှ ၃၀ ရက်နေ့ အထိ ပြုလုပ်ခဲ့သည့် တရုတ် ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမမြောက် မျက်နှာစုံညီ အစည်းအဝေးပြီးနောက် ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။

၎င်း မူဝါဒ ပြောင်းလဲမှု အဆိုပြုချက် မူကြမ်းအား အတည်ပြု မပြဋ္ဌာန်းမီ ထိပ်တန်း အာဏာပိုင်များက အတည်ပြု ပေးမည် ဖြစ်ကြောင်း သိရသည်။

တရုတ်သည် အဆမတန် တိုးပွားလာသည့် လူဦးရေအား ထိန်းချုပ်ရန် မိသားစုဆိုင်ရာ မူဝါဒအား ၁၉၇၀ ပြည့်လွန် နှစ်များ၏ နှောင်းပိုင်း နှစ်များတွင် စတင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။ အဆိုပါ မူဝါဒ အရ မြို့နေ ဇနီးမောင်နှံများသည် ကလေးတစ်ယောက်သာ ယူခွင့်ရှိပြီး ကျေးလက်နေ ဇနီးမောင်နှံများ အနေဖြင့် ပထမကလေးသည် မိန်းကလေး ဖြစ်ပါက ဒုတိယမြောက် ထပ်မံ မွေးဖွားခွင့် ပြုထားကြောင်း သိရသည်။ ယခု ထွက်ပေါ်လာမည့် မူဝါဒ အရ မည်သည့် မိသားစု မဆို ကလေး တစ်ယောက်သာရှိပါက ဒုတိယတစ်ယောက် ထပ်မံ မွေးဖွားခွင့် ပေးခဲ့ကြောင်း သိရသည်။

ကလေး တစ်ယောက်သာ မွေးဖွားခွင့် ရှိသည့် မူဝါဒအား တတိယမြောက် ၁၈ ကြိမ်မြောက် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ တတိယမြောက် မျက်နှာစုံညီ အစည်းအဝေး ပြီး နောက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဖြေလျှော့ပေးခဲ့ပြီး ဇနီးမောင်နှံ တစ်ဦးဦးက တစ်ဦးတည်းသော သားသမီးဖြစ်ခဲ့လျှင် ဒုတိယမြောက် ရင်သွေး မွေးဖွားခွင့် ရရှိစေခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117