Connect with us

Politics, Law & Military

တရားမဝင် ရွှေ့ပြောင်းလုပ်သား ၃,ဝဝဝ နီးပါးကို ဟောင်ကောင်ရဲ တပ်ဖွဲ့ဖမ်းဆီး

ဟောင်ကောင်ကျွန်းပေါ်သို့တရားမဝင် ရောက်ရှိနေသော ရွှေ့ပြောင်းလုပ်သားများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးလာပုံ ( ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ မတ် ၃၁ ရက် ( ဆင်ဟွာ )

တရုတ်နိုင်ငံ ပြည်မ နှင့် ဟောင်ကောင် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဟောင်ကောင်ကျွန်းပေါ် ရောက်ရှိနေသော တရားမဝင် ရွှေ့ပြောင်းလုပ်သား ၂,၉၄၃ ဦးကို မတ်လ ၃ဝရက်က ဖမ်းဆီးလိုက်ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးခံထားရသူများအနက် ၂၈၆ဝ ဦးသည် အရှေ့တောင်အာရှ နိုင်ငံများမှ ဖြစ်ပြီး ကျန် ၈၃ ဦးသည် တောင်အာရှ နိုင်ငံများမှ ဖြစ်ကြောင်း Guangdong ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရွှေ့ပြောင်း လုပ်သားအများစုသည် တရုတ်နိုင်ငံပြည်မမှ တဆင့် ဟောင်ကောင်ကျွန်းသို့ တရားမဝင် ဝင်ရောက်လာကြပြီး အလုပ်အကိုင် ရှာဖွေကြသူများ ဖြစ်သည်ဟု သိရသည်။ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်မှ စတင်မည့် ၁၇ လကြာ တရားမဝင် လုပ်သား ဖမ်းဆီးရေး စီမံချက်တွင် Guangdong ၊ Guangxi နှင့် ယူနန် ပြည်နယ်များမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်စပ်ဖြတ်ကျော် တရားမဝင် လူကုန်ကူးမှုများကို ဖမ်းဆီး အရေးယူနိုင်ရန်အတွက် ဟောင်ကောင် ရဲတပ်ဖွဲ့ဝင်များအား အကူအညီ ပေးသွားရမည် ဖြစ်သည်ဟုလည်း သတင်းစာ ရှင်းလင်းပွဲတွင် ဖြည့်စွက် ပြောကြားခဲ့သည်။

တရားမဝင်လုပ်သား ဖမ်းဆီးရေး စီမံချက်အတွင်း လူမှောင်ခို ပြုလုပ်ပေးနေသည့် ကုမ္ပဏီ ၃ ခု နှင့် လူပွဲစား အဖြစ် သံသယရှိသူ စုစုပေါင်း ၁၄၂ ဦး ကိုလည်း ဖမ်းမိထားကြောင်း ၊ ၎င်းတို့အနက်မှ ၂၉ ဦးသည် အရှေ့တောင်အာရှ နှင့် တောင်အာရှ နိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.