Connect with us

Politics, Law & Military

တရုတ် နှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး သဘောတူ

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံတို့မှ သံအမတ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် တရုတ် နိုင်ငံ ပေကျင်းမြို့၌ အာဆီယံ အဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံမှ သံအမတ်တို့နှင့် အောက်တိုဘာ ၂၉ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ နှင့် အာဆီယံ နိုင်ငံများသည် စိန်ခေါ်မှုများကို ပူးပေါင်း ဖြေရှင်းရေး ၊ ဘက်ပေါင်းစုံ ထောက်ခံ အားပေးရန် အတူတကွ လုပ်ဆောင်ရေး နှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် အတွက် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်သင့်ကြောင်း  ဝမ်ရိက အကြံပြုခဲ့ကြောင်း သိရသည်။အာဆီယံ အနေဖြင့် ယခုနှစ်၏ အရှေ့အာရှ ခေါင်းဆောင်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး၏ အောင်မြင်မှုကို သေချာစေရန် တရုတ်နိုင်ငံနှင့် အတူ အနီးကပ် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း သံအမတ်များက ကတိပြုခဲ့ကြသည်ဟု သိရသည်။

နှစ်ဘက်လုံးက ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် နှင့် ၂၀၂၅ ခုနှစ် အာဆီယံ ဆက်သွယ်မှုဆိုင်ရာ မဟာ စီမံကိန်းတို့ အကြား စုပေါင်း ညှိနှိုင်း ဆောင်ရွက်မှု ရလဒ် ခိုင်မာစေရန် ၊ ရေကြောင်း ပတ်ဝန်းကျင် ရှာဖွေ ထိန်းသိမ်းမှု ဆိုင်ရာ လုပ်ကိုင်ဘက်များ အဖြစ် ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ရှာဖွေသွားရန် ၊ ဒစ်ဂျစ်တယ် စီးပွားရေး နှင့် အခြား နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ၊ ပြည်သူအချင်းချင်း ကူးလူး ဆက်ဆံမှု ပို၍ နက်ရှိုင်းစေရန် ၊ ယခုနှစ် အတွင်း ဒေသဆိုင်ရာ ဘက်စုံ စီးပွားရေး မိတ်ဖက်ပြုမှု(RCEP)၏ ညှိနှိုင်းမှုကို အဆုံးသတ်ရေး ကြိုးပမ်းသွားရန် ၊ ဘက်ပေါင်းစုံ နှင့် လွတ်လပ်စွာ ကုန်သွယ်မှုကို ထောက်ခံ အားပေးရန် သဘောတူခဲ့ကြကြောင်း သိရသည်။၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း(ASEAN)တွင် ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်္ကာပူ ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။(Xinhua)