Connect with us

Politics, Law & Military

တရုတ်-လာအို နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြင့် ခိုင်မာစေရန် သမ္မတ ရှီကျင့်ဖိန်ပြော

လာအိုနိုင်ငံသမ္မတ ဘွန်ညံဗိုရာချစ်အား တရုတ်ကလေးငယ်များက တရုတ်-လာအို နှစ်နိုင်ငံ အလံငယ်များ ဝှေ့ယမ်းပြီး ပေကျင်းမြို့၌ ကြိုဆိုနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန့်က တရုတ်နိုင်ငံသို့ချစ်ကြည်ရေး ခရီးရောက် ရှိနေသည့် လာအို နိုင်ငံ သမ္မတ ဘွန်ညံဗိုရာချစ်အား ပေကျင်းမြို့၌ မေလ ၃ ရက်က လက်ခံ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြင့် ခိုင်မာစေရန် တိုက်တွန်း ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ ခရီးစဉ်သည် ဘွန်ညံဗိုရာချစ် အတွက် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် လာအိုပြည်သူ့တော်လှန်ရေး ပါတီ၏ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ဧပြီလတွင် လာအို နိုင်ငံ သမ္မတ အဖြစ် ရာထူးများ ရွေးချယ် တင်မြှောက်ခံရပြီးနောက် ပထမဆုံး လာရောက်သည့် ခရီးစဉ် ဖြစ်သည်။
တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ်လည်း တာဝန်ယူထားသူ သမ္မတရှီ က လာအိုခေါင်းဆောင်၏ ခရီးစဉ်သည် တရုတ်-လာအို ဆက်ဆံရေး ခိုင်မာစေရန် အလွန် အရေးပါကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံ အစိုးရအတွက မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများ ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်သွားမည့် အခွင့်အရေး တစ်ရပ်ဖြစ်သည်ဟူ၍လည်း ရှီက ဖြည့်စွက် ပြောကြားခဲ့သည်။
အစဉ်အလာ မိတ်ဆွေနိုင်ငံ အဖြစ် နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးထား တန်ဖိုးထားကြောင်းနှင့် အနာဂတ် နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် လာအို ခေါင်းဆောင်သစ် နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ရှီက ဆိုသည်။
ထို့ပြင် ဆိုရှယ်လစ် နှစ်နိုင်ငံကြား အဆင့်မြင့် ဆက်ဆံရေး တိုးမြှင့်ရန် ၊ နိုင်ငံရေးအရ နှစ်နိုင်ငံ ယုံကြည်မှု အပြန်အလှန် ထားရှိသွားရန် ၊ နှစ်နိုင်ငံ အာဏာရ ပါတီအချင်းချင်း အပြန်အလှန် ကူညီသွားရန် နှင့် နှစ်နိုင်ငံ အစိုးရကြား အပြန်အလှန် လေ့လာ သင်ယူမှုများ ပြုလုပ်သွားရန် ရှီက တိုက်တွန်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ပြည်သူ အချင်းချင်း အပြန်အလှန် ဆက်ဆံရေး နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများလည်း လုပ်ဆောင်သွားကြရန် ရှီက ထပ်လောင်း ပြောကြားသည်။
တရုတ်-အာဆီယံ နိုင်ငံများကြား ဆက်ဆံရေးအပြင် အနာဂတ် နိုင်ငံတကာ ရေးရာများတွင်လည်း တရုတ်-လာအို နှစ်နိုင်ငံသည် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားရန်လည်း ရှီက မျှော်လင့်ထားသည်။ ယခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို တရုတ်နိုင်ငံက လာအိုနိုင်ငံအား ထောက်ခံပေးသည့်အတွက် သမ္မတ ဘွန်ညံဗိုရာချစ်က တရုတ်နိုင်ငံသို့ကျေးဇူးတင်စကား ဆိုခဲ့သည်။ ထို့ပြင် ကမ္ဘာကြီးဖွံ့ဖြိုး တိုးတက်ရေး နှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံက ဆက်လက် ပါဝင် ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း လာအိုသမ္မတက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.