Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ အလိုရှိဆုံး စာရင်းဝင် တယ်လီကွန်း အသုံးပြု လိမ်လည်မှု တရားခံအား ဖမ်းမိ

တရုတ်နိုင်ငံ၏ အလိုရှိဆုံး စာရင်းဝင် တယ်လီကွန်း အသုံးပြု လိမ်လည်မှု တရားခံ Wen Longjian အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အလိုရှိဆုံး လိမ်လည်မှု တရားခံ ၁၀ ဦး စာရင်းဝင် ဖြစ်သည့် တရားခံ တစ်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာနက မေလ ၃ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၃၂ နှစ် အရွယ် Wen Longjian အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အခြား လိမ်လည်သူများ နှင့် ပူးပေါင်းကာ ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌ အဖြစ် ဟန်ဆောင်ပြီး messenger app တစ်ခုမှ တစ်ဆင့် ကော်ပိုရေးရှင်း တစ်ခု၏ စာရင်းကိုင် တစ်ယောက်ထံမှ တရုတ်ယွမ် ၃၅.၀၅ သန်း (အမေရိကန်ဒေါ်လာ ၅.၄သန်း) လိမ်လည် ရယူခဲ့မှုဖြင့် စွပ်စွဲထားကြောင်း သိရသည်။
Shenzhen ရဲတပ်ဖွဲ့ သည် သတင်းရရှိချက်များ အရ တရုတ်ယွမ် ၂၈ သန်း နှင့် အထက် ပိုင်ဆိုင်ထားသည့် ဘဏ်အကောင့်များကို ခေတ္တ ရပ်ဆိုင်းထား စေခဲ့ပြီး သံသယရှိသူ ၃၉ ဦး အား ဖမ်းဆီးခဲ့ကာ Wen သည် ထွက်ပြေး တိမ်းရှောင်နေခဲ့ကြောင်း သိရသည်။
မေလ ၂ ရက်တွင် ရဲတပ်ဖွဲ့သည် Wen အား Guangxi Zhuang ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရှိ Nanning မြို့တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းသည် တရားရုံး၌ နောက်ထပ် စုံစမ်း စစ်ဆေးမှုများ ခံယူရန် အတွက် စောင့်ဆိုင်း နေရကြောင်း သိရသည်။
ဝန်ကြီးဋ္ဌာန က တရုတ်နိုင်ငံတွင် အလိုရှိဆုံး လိမ်လည်မှု တရားခံ ၁၀ ဦး အနက် တစ်ဦးဦး အား ဖမ်းဆီးနိုင် သည် အထိ သတင်းပေးနိုင်သူအား တရုတ်ယွမ် ၅၀,၀၀၀ ဆုချီးမြှင့်မည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.