Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နယ်ပယ်အသီးသီး မှ ယူကရိန်း နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့သည့် ပစ္စည်းများ ရောက်ရှိ

တရုတ် နိုင်ငံ မှ ယူကရိန်း နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ပံ့ပေး သည့် ပစ္စည်းများ ယူကရိန်း နိုင်ငံ သို့ ရောက်ရှိစဉ်(ဆင်ဟွာ)

ကိယက်ဗ် ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နယ်ပယ် အသီးသီး မှ ယူကရိန်း နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့သည့် ပစ္စည်းများ အပြည့် တင်ဆောင်ထားသည့် Ilyushin Il-76 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ် သည် ဇွန်လ ၂၄ ရက် တွင် ယူကရိန်း နိုင်ငံ မြို့ တော် ကိယက်ဗ် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိခဲ့ပြီး ယင်းမှာ ကပ်ရောဂါ ဖြစ်ပွား ပြီးနောက် တရုတ် နိုင်ငံ နယ်ပယ် အသီးသီး မှ ယူကရိန်း နိုင်ငံ သို့ ကူညီထောက်ပံ့ပေးခဲ့သည့် အကြီးစား လူသားချင်း စာနာထောက်ထားမှု အကူအညီ ဖြစ်ကြောင်း သိရှိရသည်။

ယူကရိန်း နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဖန့်ရှင်းရွန် ၊ ယူကရိန်း နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Yevgeny Yenin နှင့် ယူကရိန်း နိုင်ငံ ဒုတိယ ကျန်းမာရေးဝန်ကြီး Ihor Ivashchenko တို့ က ထောက်ပံ့ရေး ပစ္စည်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား သို့ တက်ရောက် ခဲ့ကြသည်။

တရုတ် နိုင်ငံ မှ ယူကရိန်း နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ပံ့ပေး သည့် ပစ္စည်းများ ယူကရိန်း နိုင်ငံ သို့ ရောက်ရှိစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ ယူကရိန်း နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ပံ့ပေး သည့် ပစ္စည်းများ ယူကရိန်း နိုင်ငံ သို့ ရောက်ရှိစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ ယူကရိန်း နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ပံ့ပေး သည့် ပစ္စည်းများ ယူကရိန်း နိုင်ငံ သို့ ရောက်ရှိစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ ယူကရိန်း နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ပံ့ပေး သည့် ပစ္စည်းများ ယူကရိန်း နိုင်ငံ သို့ ရောက်ရှိစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ ယူကရိန်း နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ပံ့ပေး သည့် ပစ္စည်းများ ယူကရိန်း နိုင်ငံ သို့ ရောက်ရှိစဉ်(ဆင်ဟွာ)

ဖန့်ရှင်းရွန် က ယူကရိန်း နိုင်ငံ တွင် ကပ်ရောဂါ စတင်ဖြစ်ပွားချိန် မှ စ၍ တရုတ် နိုင်ငံ အနေဖြင့် ထပ်တူမျှဝေခံစားခဲ့ရပြီး တရုတ် နိုင်ငံ အနေဖြင့် ယူကရိန်း နိုင်ငံ အစိုးရ အား လူသားချင်း စာနာထောက်ထားမှု အကူအညီ နှစ်ကြိမ် ပေးအပ်ခဲ့ကြောင်း ၊ ယခုအကြိမ် ကူညီထောက်ပံ့သည့် ပစ္စည်းများ က တရုတ် နိုင်ငံ ဒေသအသီးသီး အစိုးရ ၊ ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီ နှင့် အရပ်ဘက် အဖွဲ့အစည်း တို့ မှ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ပြီး တရုတ် နိုင်ငံ ပြည်သူလူထု ၏ ယူကရိန် နိုင်ငံ ပြည်သူလူထု အပေါ် နက်ရှိုင်းသည့် သံယောဇဉ် နှင့် တရုတ်-ယူကရိန်း အေးအတူပူအမျှ အသိုက်အဝန်း ကို ပေါ်လွင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ယူကရိန်း နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Yevgeny Yenin က ယခုအကြိမ် ရရှိသည့် ကူညီထောက်ပံ့မှု သည် ယူကရိန်း နိုင်ငံ ၌ ကပ်ရောဂါ ဖြစ်ပွား ပြီးနောက် တရုတ် နိုင်ငံ မှ ရရှိသည့် အကြီးမားဆုံးသော ကူညီထောက်ပံ့မှု ဖြစ်ကာ နှစ်နိုင်ငံပြည်သူလူထု ၏ စည်းလုံးညီညွတ်စွာ ကပ်ရောဂါ အား တိုက်ဖျက်သည့် နက်ရှိုင်းသော သံယောဇဉ် အား ပေါ်လွင်စေခဲ့ကြောင်း ၊ ယူကရိန်း နိုင်ငံ ၌ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တွင် တရုတ် နိုင်ငံ အစိုးရ ၊ အရပ်ဘက် အဖွဲ့အစည်း နှင့် ယူကရိန်း နိုင်ငံ ရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ က နည်းလမ်းအမျိုးမျိုးဖြင့် ယူကရိန်း နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ လက်ရှိချိန် တွင် ယူကရိန်း နိုင်ငံ ၌ ကပ်ရောဂါ ဆက်လက် ပြန့်ပွားနေပြီး တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှု က အရေးပါသည့် အချိန်တွင် ရောက်ရှိလာခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ ယခု ကဲ့သို့ လိုအပ်သည့် အချိန်တွင် ကူညီထောက်ပံ့မှု ပေးခဲ့သည့် အပေါ် ယူကရိန်း နိုင်ငံ အစိုးရ ကိုယ်စား တရုတ် နိုင်ငံ နယ်ပယ် အသီးသီး အား ကျေးဇူးတင်လိုကြောင်း ပြောကြား ခဲ့သည်။

ယူကရိန်း နိုင်ငံ ဒုတိယ ကျန်းမာရေးဝန်ကြီး Ihor Ivashchenko က တရုတ် နိုင်ငံ ကူညီထောက်ပံ့သည့် ပစ္စည်းများ တွင် နှာခေါင်းစည်း ၊ ရောဂါစစ်ဆေးရေး ကိရိယာ ၊ ပိုးသတ်ဆေး ၊ ကာကွယ်ရေးဝတ်စုံ ၊ ကာကွယ်ရေးမျက်နှာဖုံး စသည် တို့ ပါဝင်ပြီး ယင်းပစ္စည်းများအား ယူကရိန် နိုင်ငံ ရှိ ဆေးရုံ ၊ စာသင်ကျောင်း နှင့် အစိုးရ အဖွဲ့အစည်းများထံသို့ ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)