Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးရန် တရုတ်နှင့် အာဆီယံ တာဝန်ရှိသူများ မေလ ၁၈ ရက်တွင် တွေ့ဆုံမည်

၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းခဲ့သည့် အာဆီယံ-တရုတ် ဝန်ကြီးအဆင့် အစည်းအဝေးတွင် မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း (DOC) အကောင်အထည်ဖော်ရေး အတွက် ၁၄ ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို မေလ ၁၈ ရက်တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ကွေ့ယန်မြို့၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်၏ ပြောကြားချက်အရ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျူကျန့်မင်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အဆင့်မြင့် သံတမန် အရာရှိကြီးများ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးမကျင်းပမီ DOC အကောင်အထည်ဖော်ရေး အတွက် ၂၁ ခုမြောက် ပူးတွဲ လုပ်ငန်းအဖွဲ့ အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။

“DOC အကောင်အထည်ဖော်ရေးအတွက် ပင်လယ်ရေကြောင်း လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ရှေ့ဆက်ရေးနဲ့ တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက် (COC) စေ့စပ်ညှိနှိုင်းခြင်းနဲ့ ဆက်စပ်တဲ့ ဆွေးနွေးမှုတွေကို တရုတ်နဲ့ အာဆီယံ နိုင်ငံတွေက ဆက်လက် လုပ်သွားမှာပါ” ဟွာက ပြောသည်။

တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ တောင်တရုတ်ပင်လယ်အရေး နှစ်နို်င်ငံ အကြံပြုချက် နည်းလမ်းများ ပထမဆုံးအကြိမ် အစည်းအဝေးကို မေလ ၁၉ ရက်၌ ကွေ့ယန်မြို့တွင် ပြုလုပ်ရန်ရှိကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး Jose Sta. Romana တို့ တက်ရောက်မည် ဖြစ်သည်။

နှစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ဆွေးနွေးမှုများမှ တစ်ဆင့် ခိုင်မာသော သဘောတူညီချက် ရရှိခြင်း၊ ယုံကြည်မှု တိုးမြှင့်ခြင်း၊ နားလည်မှု လွဲမှားခြင်းများ ရှင်းလင်းစေရန် မျှော်လင့်ကြောင်း၊ မတူညီမှုများအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ခြင်းနှင့် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဆက်စပ်နေသော အငြင်းပွားမှုများကို ဖြေရှင်းနိုင်မည့် အခြေအနေ တစ်ရပ် ဖန်တီးရေး စသည်တို့ လုပ်ဆောင်နိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ထားသည်ဟု ဆိုသည်။

ထို့ပြင် အရှေ့အာရှဒေသအတွင်း တရုတ်-အာဆီယံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆွေးနွေးရန် တရုတ်နှင့် အာဆီယံ အဆင့်မြင့် ခေါင်းဆောင်များ မေလ ၁၉ ရက်တွင် ကွေ့ယန်၌ တွေ့ဆုံမည် ဖြစ်သည်။

တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း (DOC) အား ၂၀၀၂ ခုနှစ်က တရုတ်နှင့် အာဆီယံ နိုင်ငံများ လက်မှတ်ရေးထိုးထားခဲ့ပြီး တောင်တရုတ်ပင်လယ် အငြင်းပွားမှုများကို စီမံခန့်ခွဲရာတွင် အရေးကြီးဆုံး မူ ချမှတ်ခြင်းများ၊ တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက် (COC) အတွက် ညှိနှိုှုင်းဆွေးနွေးမှုများကို ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ DOC နှင့် COC နှစ်ခုလုံးမှာ ဒေသတွင်း ငြိမ်းချမ်းရေး ကာကွယ်ခြင်းနှင့် တည်ငြိမ်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.