Connect with us

Politics, Law & Military

ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပမည့် ၂၁ ကြိမ်မြောက် ကုလသမဂ္ဂအဖွဲ့ဝင်များ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ညီလာခံ ဖွင့်ပွဲ အခမ်းအနားအား ဆင်ဟွာမြန်မာ ဝက်ဘ်ဆိုဒ်မှအချိန်နှင့် တစ်ပြေးညီတိုက်ရိုက် ထုတ်လွှင့်မည်

ပဲရစ်၊ နိုဝင်ဘာ(၃ဝ) ရက် (ဆင်ဟွာ)

၂၁ ကြိမ်မြောက် ကုလသမဂ္ဂအဖွဲ့ဝင်များ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ညီလာခံ ဖွင့်ပွဲ အခမ်းအနားအား ယနေ့ မြန်မာစံတော်ချိန် (၅းဝဝ) အချိန်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပမည်ဖြစ် ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖိန် (Xi Jinping) မှ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားအား ဆင်ဟွာမြန်မာဝက်ဘ်ဆိုဒ်တွင် အချိန်နှင့်တပြေးညီ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး အောက်ပါလင့်ခ်အတိုင်း သွားရောက်ကြည့်ရှု နိုင်မည်ဖြစ်သည်။

http://www.xinhuamyanmar.com/videos/2088-2015-11-30-10-55-21

တရုတ်ပြည်သူ့သမ္မတရှီကျင့်ဖိန်( Xi Jinping) မှ အဆိုပါ ညီလာခံသို့တက်ရောက်ရန် ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒီ ( Francois Hollande ) နှင့် ညီလာခံအကြို တွေ့ ဆုံပြီး ညီလာခံအောင်မြင်ရေးအတွက် အတူတကွ လုပ်ဆောင်ရန်ကတိကဝတ်ပြုခဲ့ကြ ကြောင်းသိရသည်။

ပြင်သစ်နိုင်ငံက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံအား အောင်မြင်စွာကျင်းပနိုင်ရန် နှင့် အဖွဲ့အစည်းအားလုံးနှင့် သင့်လျော်အဆင်ပြေသည့် နိုင်ငံတကာ သဘောတူညီချက်များ ရရှိစေရန်အတွက် တရုတ်နိုင်ငံ ၏ ခိုင်မာသောထောက်ပံ့မှု ပြသနိုင်ရန် မျှော်လင့်ကြောင်း သမ္မတရှီမှ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.