Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ သက်မွေးဝမ်းကျောင်းအသင်း နှစ် ၁ဝဝ ပြည့်အခမ်းအနားသို့ သမ္မတရှီကျင့်ဖိန် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ သက်မွေးဝမ်းကျောင်း အသင်း (CVEA) နှစ် ၁ဝဝ ပြည့်အခမ်းအနားသို့ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ တစ်စောင်ကို ပေးပို့ခဲ့ကြောင်း သိရသည်။

၎င်းသဝဏ်လွှာထဲတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်က နိုင်ငံ၏ သက်မွေးဝမ်းကျောင်းပညာရပ် ဖွံ့ဖြိုးတိုးတက်အောင် အသင်းကြီးက တိုးမြှင့်လုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီး အသင်းကြီး၏ သမိုင်းဝင် ပါဝင်လုပ်ဆောင်မှုများအတွက် ချီးကျူးစကားဆိုခဲ့သည်။

ထို့ပြင် သမ္မတရှီက အသင်းအနေဖြင့် ပြည်တွင်း နှင့် နိုင်ငံခြား သက်မွေးဝမ်းကျောင်းပညာရပ် ဆိုင်ရာ အလုပ်သမားများ အပြန်အလှန်ဖလှယ်ရေး နှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်လာရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.