Connect with us

Politics, Law & Military

၁၉ ကြိမ်မြောက် CPC အမျိုးသားညီလာခံ တက်ရောက်ရန် မီဒီယာများအား ဖိတ်ကြား

၁၈ ကြိမ်မြောက် CPC အမျိုးသားညီလာခံ ကျင်းပခဲ့စဉ်က မီဒီယာစင်တာအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

မကြာမီ ကျင်းပမည့် ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံသို့ တက်ရောက်ရန် ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာများအား တက်ရောက်ရန် ဖိတ်ကြားလိုက်ကြောင်း စက်တင်ဘာလ ၇ ရက်တွင် ကြေညာလိုက်သည်။

ညီလာခံသို့ တက်ရောက်သတင်းယူလိုသော သတင်းစာဆရာများအနေဖြင့် စက်တင်ဘာလ ၈ ရက်မှ ၂၅ ရက်အထိ လျှောက်ထားနိုင်ကြောင်း ဆင်ဟွာမှ ရရှိထားသည့် တရားဝင် သတင်းထုတ်ပြန်အရ သိရသည်။

ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်နှင့် ပြည်ပမှ သတင်းစာဆရာများအနေဖြင့် http//cpc19reg/zgjx.cn မှတစ်ဆင့် လျှောက်ထားရမည် ဖြစ်သည်။

ညီလာခံ ကျင်းပနေစဉ်အတွင်း သတင်းထောက်များအတွက် သတင်းစာရှင်းလင်းပွဲများနှင့် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်နိုင်ရန် ပေကျင်းတွင် မီဒီယာစင်တာ ထားရှိမည် ဖြစ်သည်။ မီဒီယာစင်တာ အတွက် တရားဝင် ဝက်ဘ်ဆိုဒ်နှင့် WeChat Account ကိုလည်း ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

၁၉ ကြိမ်မြောက် CPC အမျိုးသား ညီလာခံအား အောက်တိုဘာလ ၁၈ ရက်တွင် စတင်ကျင်းပရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.