Connect with us

Politics, Law & Military

အီသီယိုးပီးယား နိုင်ငံ ဝန်ကြီးချုပ် နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ

အီသီယိုးပီးယား နိုင်ငံ ဝန်ကြီးချုပ် အဘီး အာမက် (Abiy Ahmed) နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တွေ့ဆုံစဉ်(ဆင်ဟွာ)

အဒစ် အဘာဘာ ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

အီသီယိုးပီးယား နိုင်ငံ ဝန်ကြီးချုပ် အဘီး အာမက် (Abiy Ahmed) နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က ဇန်နဝါရီ ၃ ရက် တွင် အဒစ် အဘာဘာ မြို့တွင် တွေ့ဆုံမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။

တွေ့ဆုံမှု အတွင်း အီသီယိုးပီးယား နိုင်ငံ ဝန်ကြီးချုပ် အဘီး အာမက် က နှစ်သစ်အချိန်ခါ တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီး က နိုင်ငံ သို့ လာရောက်လည်ပတ်ခြင်း သည် နိုင်ငံတကာ သို့ တရုတ် နိုင်ငံ က အီသီယိုးပီးယား နှင့် အာဖရိက ပြည်သူလူထု တို့၏ စစ်မှန်သော မိတ်ဆွေ ဖြစ်ကြောင်း ကို ဖော်ပြနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ က အီသီယိုးပီးယား နှင့် အာဖရိက နိုင်ငံ တို့၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တက်ကြွစွာ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များက အီသီယိုးပီးယား နိုင်ငံ အခြေခံအဆောက်အဦ တည်ဆောက်မှု ကဏ္ဍ တွင် များစွာ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပြီး သောင်းနှင့်ချီသော အလုပ်အကိုင် အခွင့်အလမ်းများ ကို ဖန်တီးပေးနိုင် ခဲ့ကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ ၏ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုပိုင်း တွင် အမျှော်အမြင်ရှိစွာ နှင့် မဟာဗျူဟာ ကျစွာ ဆောင်ရွက်မှု အပေါ် လွန်စွာ လေးစားထောက်ခံမိကြောင်း ၊ တရုတ် နိုင်ငံ တွေ့ဆုံဖလှယ်မှုများကို တိုးချဲ့ဆောင်ရွက်သွားပြီး ကဏ္ဍစုံ ချစ်ကြည်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ၊ အီသီယိုးပီးယား နိုင်ငံ အနေဖြင့် တရုတ် တစ်နိုင်ငံတည်း မူဝါဒ ကို ခိုင်မြဲစွာ ဆောက်တည်ခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို တက်ကြွစွာ ထောက်ခံအားပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က တရုတ် နိုင်ငံ နှင့် အီသီယိုးပီးယား နိုင်ငံ တို့က အနီးကပ် မိတ်ဆွေများဖြစ်ကြပြီး မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး တည်ရှိသည့် နိုင်ငံ လည်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အီသီယိုးပီးယား နိုင်ငံ မှ မိမိ နိုင်ငံ အခြေအနေ နှင့် ကိုက်ညီသော ၊ ပြည်သူလူထု တို့မှ ထောက်ခံသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်းသည် ကို ထောက်ခံအားပေးကြောင်း ၊ အီသီယိုးပီးယား နိုင်ငံ ဝန်ကြီးချုပ် အဘီး အာမက် ၏ ဦးဆောင်မှုအောက်တွင် ယာယီဖြစ်ပေါ် နေသည့် အခက်အခဲများကို ကျော်လွှားပြီး ခေတ်မီစက်မှုနိုင်ငံ သို့ ရောက်ရှိနိုင်မည် ကို ယုံကြည်ကြောင်း ၊ ယင်းအခြေအနေ သို့ ရောက်ရှိရန် လျှောက်လှမ်းစဉ် အတွင်း တရုတ် နိုင်ငံ က အီသီယိုးပီးယား ၏ အခိုင်မြဲဆုံး ၊ အယုံကြည်ရဆုံး ပူးပေါင်းဆောင်ရွက်မှု မိတ်ဆွေနိုင်ငံ အဖြစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ အီသီယိုးပီးယား နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ် နိုင်ငံ မှ ကူညီမှု နှင့် ထောက်ခံမှုများကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းဆောင်ရွက်ခြင်း ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး အား ပိုမိုမြင့်မားသည့် အဆင့် သို့ ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)