Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် အီသီယိုးပီးယား နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် အီသီယိုးပီးယား နိုင်ငံခြားရေး ဝန်ကြီး ဝပ်နီ ဂီဘီရီဟူ (Workneh Gebeyehu) တွေ့ဆုံစဉ်(ဆင်ဟွာ)

အဒစ် အဘာဘာ ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် အီသီယိုးပီးယား နိုင်ငံခြားရေး ဝန်ကြီး ဝပ်နီ ဂီဘီရီဟူ (Workneh Gebeyehu) တို့က ဇန်နဝါရီ ၃ ရက် တွင် အဒစ် အဘာဘာ မြို့ ၌ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က အီသီယိုးပီးယား နိုင်ငံ သည် အာဖရိကတိုက်ရှိ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ များစွာ တည်ရှိနေသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး တရုတ် နိုင်ငံ ၏ အရေးပါသော မဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ က အီသီယိုပီးယား နိုင်ငံ နှင့် ဆက်ဆံရေး ကို လွန်စွာ အလေးထားပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး မူဝါဒ ကို ခိုင်မြဲစွာ ဆောင်ရွက် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အီသီယိုးပီးယား နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အား တွန်းအား ပေး ဆောင်ရွက်ပြီး အီသီယိုးပီးယား နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူမှုဘဝ ပိုမိုးကောင်းမွန်စေရန် အတွက် ကူညီထောက်ပံ့မှုများ ကို ဆောင်ရွက်ပေးသွားလိုကြောင်း ၊ အီသီယိုးပီးယား နိုင်ငံ သည် ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး သဘောတူညီချက် အား အစောဆုံး ရေးထိုး ခဲ့သည့် အာဖရိက နိုင်ငံ တစ်ခု အပါအဝင် ဖြစ်ပြီး အာဖရိက တိုက် တွင် ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရန် အတွက် အရေးပါသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အီသီယိုးပီးယား နိုင်ငံ နှင့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ် များတွင် ညှိနှိုင်းဆောင်ရွက်မှု ပိုမို တိုးချဲ့ ဆောင်ရွက်ကာ နှစ်နိုင်ငံ နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံ များ၏ အတူတကွ အကျိုးစီးပွား ကို ထိန်းသိမ်းသွားလိုကြောင်း ပြောကြား ခဲ့သည်။

အီသီယိုးပီးယား နိုင်ငံခြားရေး ဝန်ကြီး ဝပ်နီ ဂီဘီရီဟူ က အီသီယိုးပီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး အား လွန်စွာ အလေးထားပြီး အရေးပါသည့် ဘက်စုံမဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ အဖြစ် သတ်မှတ်ထားကာ နှစ်နိုင်ငံ ဆက်ဆံရေး အား နိုင်ငံခြားရေး မူဝါဒ ၏ အရေးပါဆုံး အရာ အဖြစ် သတ်မှတ်ထားကြောင်း ၊ အာဖရိက နိုင်ငံ များ နည်းတူ အီသီယိုးပီးယား နိုင်ငံ အနေဖြင့်လည်း တရုတ် နိုင်ငံ ၏ အခြားနိုင်ငံ ပြည်တွင်းရေး အား ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ခြင်း အပေါ် ချီးမွမ်းလိုကြောင်း ၊ အီသီယိုးပီးယား နိုင်ငံ မှ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အချိန်ဖြစ်စေ ၊ အခက်အခဲ နှင့် ကြုံတွေ့နေချိန် ဖြစ်စေ တရုတ် နိုင်ငံ က ခိုင်မြဲစွာ ထောက်ခံအားပေးမှု ပြုလုပ်ပေးခဲ့ခြင်း အပေါ် နက်ရှိုင်းစွာ ကျေးဇူးတင်လိုကြောင်း ၊ အီသီယိုးပီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး အား ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း သည် နိုင်ငံ နှင့် ပြည်သူလူထု တို့အား အကျိုးဖြစ်ထွန်းစေမည် ကို ယုံကြည်ပြီး တရုတ် နိုင်ငံ အား ထာဝရ ယုံကြည်ရသော မဟာဗျူဟာ မိတ်ဖက် နိုင်ငံ အဖြစ် သတ်မှတ်ထားကြောင်း ၊ အီသီယိုးပီးယား နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ် တွင်လည်း တရုတ် နိုင်ငံ ၏ အဖိုးတန်သော ထောက်ခံအားပေးမှု ကို ဆက်လက်ရရှိနိုင်ရန် မျှော်လင့်ကြောင်း ၊ အီသီယိုးပီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ မှ ပြောကြား ခဲ့သည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖော်ဆောင်မှု အပေါ် ချီးမွမ်း လိုပြီး တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများလည်း ရင်းနှီးမြှုပ်နှံမှု ပိုမိုလာရောက် ပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း ၊ အီသီယိုးပီးယား နိုင်ငံ မှ ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး အား ဆက်လက်၍ တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပြီး တရုတ် နိုင်ငံ နှင့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ် များတွင် အနီးကပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.