Connect with us

Politics, Law & Military

ဘရာဇီးနိုင်ငံ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ သမ္မတ၏ အထူးသံတမန် တက်ရောက်

တရုတ်နိုင်ငံ သမ္မတ၏ အထူးသံတမန်နှင့် အမျိုးသားညီလာခံ အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သော ကျီပင်ရွှမ်း (ယာ) နှင့် ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရိုတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီးယား၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန် ကျီပင်ရွှမ်း (Ji Bingxuan) သည် ဇန်နဝါရီလ ၁ ရက်တွင် ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမျိုးသားညီလာခံ အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သော ကျီသည် ဇန်နဝါရီလ ၂ ရက်က ဘိုဆိုနာရိုနှင့် တွေ့ဆုံခဲ့သည်။

သမ္မတ ရှီ၏ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာနှင့် ဆန္ဒမွန်များအား ကျီက ဘိုဆိုနာရိုထံပေးပို့ခဲ့ပြီး ရှီ လက်မှတ်ရေးထိုးထားသော သဝဏ်လွှာအား လွှဲပြောင်းပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံ ချစ်ကြည်ရေးသည် အဓိကဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအကြား ခေတ်သစ်ဆက်ဆံရေးတစ်ခု ဖြစ်လာခဲ့ကြောင်း ကျီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံနှင့်အတူ နယ်ပယ်စုံဖလှယ်မှုများ ခိုင်မာရန်၊ နယ်ပယ်စုံတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိရန်နှင့် ဘက်ပေါင်းစုံပါဝင်သော ဆွေးနွေးညှိနှိုင်းမှု တိုးတက်မှုရန်၊ နှစ်နိုင်ငံအကြား ကြီးမားသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် ဆန္ဒရှိကြောင်း ကျီက ဆိုသည်။

ဘရာဇီးနိုင်ငံ သမ္မတ ဘိုဆိုနာရိုကလည်း ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အထူးသံတမန်တစ်ဦး စေလွှတ်ခြင်းနှင့်အတူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် ကောင်းမွန်သည့်နိုင်ငံများဖြစ်ကြောင်း၊ ဘရာဇီးအစိုးရသစ် အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကြီးမားအရေးပါသော ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ရှေ့ဆက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာမှာ ကောင်းမွန်သထက် ကောင်းမွန်လာမည်မှာ အသေအချာပင်ဖြစ်ကြောင်း ဘိုဆိုနာရိုက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117