Connect with us

Politics, Law & Military

BRICS စီးပွားရေးနိုင်ငံများ နီးကပ်စွာပူးပေါင်းဆောင်ရွက်ကြရန် တရုတ်သမ္မတ တိုက်တွန်းပြောကြား

၉ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး ၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က BRICS အဖွဲ့ဝင်နိုင်ငံများသည် လက်တွေ့ကျသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရန် ကြိုးပမ်းအားထုတ်သင့်ကြောင်း စက်တင်ဘာ ၄ ရက်က ပြောကြားခဲ့သည်။

BRICS အဖွဲ့အစည်းကြီးသည် အကျိုးရလဒ်ကောင်းများရရှိအောင် ဆောင်ရွက်ခဲ့သော်လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိရန် လိုအပ်နေသေးကြောင်း သမ္မတရှီက တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ရှမိန်မြို့တွင် ပြုလုပ်သည့် ၉ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး ဖွင့်ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတ က အဖွဲ့ဝင် ငါးနိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၆ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၇ဘီလီယံ ရှိခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံများအကြား ရင်းနှီးမြှုပ်နံှမှုသည် ၅.၇ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ရှီက အဖွဲ့ဝင်နိုင်ငံများသည် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေး နှင့် ဘဏ္ဍာရေးနယ်ပယ်များ၊ ဆက်သွယ်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ၊ တီထွင်ဆန်းသစ်မှု နှင့် စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သင့်ကြောင်းပြောကြားခဲ့သည်။ (Xinhua)