Connect with us

Politics, Law & Military

CPC ညီလာခံ တက်ရောက်ရန် ပြည်ပ သတင်းစာဆရာများအား တရုတ် ဖိတ်ကြား

တရုတ်နိုင်ငံ ပြည်သူ့ခန်းမကြီးတွင် ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် CPC ဗဟို ကော်မတီ အစည်းအဝေးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (Communist Party of China) အမျိုးသား ညီလာခံ တက်ရောက်ရန် ပြည်ပ မီဒီယာများအား ဖိတ်ကြားသွားမည် ဖြစ်ကြောင်း တရုတ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သြဂုတ်လ ၃ ရက်က ပေကျင်းမြို့၌ ပြည်ပ မီဒီယာများမှ ကိုယ်စားလှယ်များနှင့် ပြုလုပ်သောပုံမှန် အစည်းအဝေး၌ တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံး ဋ္ဌာနမှူး Jiang Jianguo က ယခုလို ကြေညာခဲ့ခြင်း ဖြစ်သည်။

ငါးနှစ် တစ်ကြိမ် ပုံမှန် ကျင်းပလေ့ရှိသော အမျိုးသား ညီလာခံများသည် CPC နှင့် တရုတ်နိုင်ငံအတွက် အရေးပါသည့် အခမ်းအနားပွဲများ ဖြစ်ကြောင်း Jiang ကဆိုသည်။

၂၀၁၉ ခုနှစ်တွင် CPC က အာဏာရ ပါတီအဖြစ် နှစ် ၇၀ ပြည့်မြောက်သည့် နှစ်ပတ်လည် အထိမ်းအမှတ်ဖြစ်သလို CPC ၏ ရာပြည့်ပွဲရောက်ရှိရန် နောက်ထပ် လေးနှစ်သာ လိုတော့ကြောင်း သိရသည်။

သြဂုတ်လ ၂ ရက်က ပြုလုပ်ခဲ့သည့် ပြည်နယ်ဆိုင်ရာနှင့် ဝန်ကြီးအဆင့် တာဝန်ရှိသူများ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု၌ CPC ဗဟို ကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ မိန့်ခွန်းအား Jiang က ပြောကြားခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ ၁၉ ကြိမ်မြောက် CPC အမျိုးသား ညီလာခံအတွက် နိုင်ငံရေးသဘောတရား၊ အယူအဆဆိုင်ရာ သဘောတရားနှင့် နိုင်ငံရေးရာ ဖောင်ဒေးရှင်းများ ချမှတ်ခဲ့ကြောင်း Jiang က ပြောကြားခဲ့သည်။

ယခုနှစ် ညီလာခံ၌ နိုင်ငံ၏ ကာလတို၊ ကာလရှည် ဖွံ့ဖြိုးရေးနှင့် ဆက်စပ်သည့် ကိစ္စရပ်များအား အခြေရှာနိုင်ရန် မျှော်မှန်းထားကြောင်း Jiang ၏ ပြောကြားချက်အရ သိရသည်။

ပြည်ပ မီဒီယာများနှင့် ပြုလုပ်သည့် အစည်းအဝေးသို့ AFP, AP, Asahi Shimbun, Bloomberg, Kyodo, Reuters, TASS နှင့် Wall Street Journal မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.