Connect with us

Politics, Law & Military

PLA အနေဖြင့် အနာဂတ်လူမှုအသိုက်အဝန်း မျှဝေခြင်းတွင် တိုးမြှင့်လုပ်ဆောင်သွားရန် သမ္မတရှီပြော

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၉ဝ ပြည့် စစ်ရေးပြအခမ်းအနားမြင်ကွင်း အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လူသားမျိုးနွယ်အတွက် အနာဂတ်လူမှုအသိုက်အဝန်း မျှဝေခြင်းတွင် ပါဝင်လုပ်ဆောင်သွားကြရန် နိုင်ငံအတွင်းရှိ လက်နက်ကိုင် အင်အားစုများအား တိုက်တွန်းပြောကြားလိုက်သည်။

သြဂုတ်လ ၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၉ဝ ပြည့် ဂုဏ်ပြုအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်က အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်သူအဖြစ် အမြဲပါဝင် ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း နှင့် နိုင်ငံတကာအရေးတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှ ပါဝင်လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းဆောင်ရွက်သွားရန် နှင့် နိုင်ငံတကာတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ဖလှယ်မှုများပြုလုပ်သွားရန် PLA အနေဖြင့် ဆက်လက်လုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း ရှီ ကဆိုသည်။

ထို့ပြင် နိုင်ငံတကာအခန်းကဏ္ဍများတွင် တရုတ်နိုင်ငံ၏ တာဝန်ဝတ္တရားများ နှင့် တာဝန်ခံမှုအပိုင်းများကိုလည်း တက်ကြွစွာ အကောင်အထည်ဖောင်ဆောင်ရွက်သွားရန် သမ္မတရှီ ကတိုက်တွန်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.