Connect with us

Politics, Law & Military

၈ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား မဲခေါင် ECS ထိပ်သီးအစည်းအဝေးသို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ၈ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ဇွန်လ ၁၆ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

ဧရာဝတီ-ကျောက်ဖယား မဲခေါင်စနစ်သည် ရေရှည်တည်တံ့သော နည်းလမ်းများနှင့် အကျိုးရှိသော ရလဒ်များ ရရှိခြင်းမှတစ်ဆင့် ဒေသခွဲဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှု အတွက် တက်ကြွစွာ တွန်းအားပေးနေကြောင်း လီက ပြောကြားခဲ့သည်။

အဆိုပါ စနစ်အား စတင်ဆောင်ရွက်သူနှင့် လက်ရှိဥက္ကဋ္ဌ ထိုင်းနိုင်ငံသည် အလုပ်များစွာ လုပ်ကိုင်ခဲ့ကြောင်း၊ မဲခေါင်ဒေသခွဲတွင် ပါဝင်သည့်နိုင်ငံများအားလုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးတွဲအားထုတ်မှုတွင် ကြီးမားသော အလားအလာများက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာရေးအတွက် လိုအပ်သည်ကို နားလည်သဘောပေါက်ရန် လိုကြောင်း လီက ပြောကြားခဲ့သည်။

ACMECS ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းနှင့် အခြား ဆက်စပ်သည့် လုပ်ထုံးလုပ်နည်းများက တစ်ခုနှင့် တစ်ခု အထောက်အကူဖြစ်ကြောင်း၊ မဲခေါင်မြစ်တစ်လျှောက် နိုင်ငံများအကြား လိုက်ဖက်သည့် အကျိုးကျေးဇူးများနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးတွဲမြှင့်တင်ရေးအား နားလည်သဘောပေါက်စေရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့်အတူ အဆိုပါ ရည်မှန်းချက်များဆီသို့ မဆုတ်မနစ် ကြိုးပမ်းသွားရန် ဆန္ဒရှိကြောင်း လီက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.