Connect with us

Politics, Law & Military

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်မှုသည် NPC နှစ်ပတ်လည် အစည်းအဝေး၏ အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း NPC ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ ၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းရဲဆွေ့ သတင်းစာရှင်းလင်းပွဲတစ်ခုသို့ မတ်လ ၄ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်မှုသည် ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ၏ အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မတ် ၄ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ နှင့် တရုတ်ပြည်သူများ၏ တူညီသော ဆန္ဒ ကို ထင်ဟပ်စေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ သည် တရုတ်နိုင်ငံ၏ အခြေခံကျသော ဥပဒေဖြစ်ပြီး နိုင်ငံအား ကောင်းစွာ စီမံအုပ်ချုပ်နိုင်ရန်နှင့် အမျိုးသားလုံခြုံရေး အာမခံချက်ရှိစေရန်အတွက် ယေဘုယျကျသော အခန်းကဏ္ဍဖြစ်ကြောင်း ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းရဲဆွေ့က ပေကျင်းမြို့ ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ကျန်းက ခေတ်သစ်တွင် တရုတ်ဝိသေသလက္ခဏာများဖြင့်ဆိုရှယ်လစ်ဝါဒကို ထောက်ပံ့ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ပါတီ နှင့် ပြည်သူများ လုပ်ဆောင်ခဲ့သည့် အဓိကကျသော သီအိုရီနှင့် လက်တွေ့ကျသည့် အဖွဲ့အစည်းဆိုင်ရာ အောင်မြင်မှုရလဒ်များကို စုစည်းနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို သင့်လျော်စွာ ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းသည် နိုင်ငံ၏ နိုင်ငံရေးသက်တမ်းတွင် ကြီးမားသောအဖြစ်အပျက်တစ်ခုဖြစ်ပြီး ကျယ်ပြန့်သော အကျိုးဆက်များ ရှိသည့် အဓိကကျသော ဥပဒေရေးရာ လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ပါတီ၏ ခေါင်းဆောင်မှုအား ထောက်ခံခြင်း နှင့် ပြည်သူများ၏ ဆန္ဒကို ထင်ဟပ်စေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအတွက် အခြေခံကျသော မူဝါဒများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ အား မတ် ၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကျန်းကပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117