ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အလည်အပတ်ရောက်ရှိနေသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ် (Angela Merkel) နှင့် စက်တင်ဘာလ ၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြောက်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၂ ရက်မှ ၄ ရက်အထိ သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထူးချွန်သူများအား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ဆုများ၊ ချစ်ကြည်ရေးဆုများနှင့် အမျိုးသားရေးဂုဏ်ပြုဆုများအား တရုတ်နိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) နှင့် ပေကျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ သြဂုတ်လ ၂၉ ရက်တွင် တွေ့ဆုံကာ ဆက်ဆံရေး တိုးတက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။
ပေကျင်း ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၇ဝ ပြည့် ဂုဏ်ပြုအခမ်းအနားသို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် သြဂုတ်လ ၂၇ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံ နယ်စပ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုများ...
ပေကျင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်၊ကွမ်ကျိုးမြို့ တွင် ကမ္ဘာ့ရှေ့နေများဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၉ ရက် နှင့် ၁၀ ရက် တို့တွင် ကျင်းပသွားရန်ရှိကြောင်း တရုတ်ရှေ့နေများအသင်း (ACLA) က သြဂုတ် ၂၇ ရက် တွင်ပြောခဲ့သည်။
မကာအို ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) ၏ ပဉ္စမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ဟက်ရိချန် (Ho Iat Seng) သည် ယနေ့( သြဂုတ် ၂၅ ရက်) တွင် ရွေးချယ်တင်မြှောက်ခံရပြီး ၎င်းသည် တရုတ်နိုင်ငံဗဟိုအစိုးရ၏ တရားဝင်ခန့်အပ်မိန့်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) တစ်နှစ်တစ်ကြိမ် ကျင်းပသည့် G-7 အဖွဲ့ကြီး၏ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၄ ရက်တွင် ပြင်သစ်နိုင်ငံ တောင်ပိုင်း အပန်းဖြေနာမည်ကျော်မြို့ဖြစ်သည့် Biarritz၌ ကျင်းပမည်ဖြစ် သည်။ ဆွေးနွေးပွဲမတိုင်မီ အရိပ်လက္ခဏာများအရ သာယာလှပသည့် ရှုမျှော်ခင်းများက G-7 အဖွဲ့၏ ကွဲလွဲမှုများကို...
ပေကျင်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) သမ္မတရှီကျင့်ဖိန် က တရုတ်နိုင်ငံ၊ ကျိလင်ပြည်နယ် ၏ မြို့တော်ချန်ချွန်းတွင် သြဂုတ် ၂၃ ရက် ကဖွင့်လှစ်ခဲ့သည့် ၁၂ ကြိမ်မြောက် တရုတ်-အရှေ့မြောက်အာရှကုန်စည်ပြပွဲ သို့ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။ (Xinhua)